Posts

Showing posts from 2009

ကမ္ဘာဦးကျမ်း

ကောင်မလေးရေ ဆုတောင်းမှားခဲ့တဲ့ နင်နဲ့ငါက စာအုပ်တစ်အုပ်စီရဲ့ ကျောခြင်းကပ် စာမျက်နှာ နှစ်ဖက်လာဖြစ်နေတယ် ကောင်မလေးရေ မှုံရီအုံ့မှိုင်းနေတဲ့ ငါတို့ကံကြမ္မာကြောင့် နင်ဟာ ငါ့အိမ်မက်မှာ လာပွင့်တဲ့ ပန်းဖြစ်နေတယ် ဒါပေမယ့် ကောင်မလေးရေ ဒီပုံပြင်ကို ဆုံးအောင် ငါတို့ပြောကြတုန်းကတော့ နင့်အသဲနှလုံးက ပြုံးလို့ပေါ့ တကယ်တော့ နင်ရင်ဘတ်က ငါ့ကိုချစ်တယ်ဆိုတဲ့အချစ်က ငါမဖတ်တတ်တဲ့ ကျမ်းတစ်စောင်ပါ ကံဆိုးမိုးမှောင်ကျစေခဲ့တဲ့ နတ်ဆိုးတွေကို မုန်းတယ်။ တကယ်လို့များ စွယ်တော်တွေ ပွင့်ရင် နင်ငါ့ကို ပြန်ချစ်လို့ရမလား ကောင်မလေးရယ်

အရင်တုန်းက

ဒီနေရာကို တစ်ခေါက် ကျွန်တော်ရောက်ခဲ့ပြီ။ အရင်တုန်းက ကျွန်တော်ခူးခဲ့ဖူးသော ကြာဖူးတို့သည်လည်း အခုတော့ မတွေ့ရတော့... အရင်တုန်းက ကျွန်တော်မြင်ခဲ့ရသော ရွှေငါးကလေးများသည်လည်း အခုတော့ မတွေ့ရတော့.... ဒီရေကန်နဘေးမှာပဲ အရင်တုန်းက ကျွန်တော်ရွတ်ခဲ့ဖူးသော ကဗျာတို့၏ အသံသည်လည်း အခုတော့ မကြားရတော့... အရင်တုန်းက ကျွန်တော်လွှတ်ခဲ့သော စက္ကူလှေလေးသည်လည်း အခုတော့ ဘယ်ဆီကိုများ ရွက်လွင့်နေပြီကော... အရင်တုန်းက ကျွန်တော်ရေးခဲ့ဖူးသော သောင်ပေါ်က အရုပ်ကလေးသည်လည်း အခုတော့ ... ဘယ်ဆီကိုများ လမ်းလျှောက်ထွက်သွားပါလိမ့်... သို့သော်လည်း အခုတော့ ကျွန်တော့်လက်နဲ့ ပျိုးခဲ့သော စွယ်တော်ရုံသည်သာ သူ့ရင်ဘတ်ကိုဖွင့်၍ ကျွန်ုပ်၏ အပြန်လမ်းတွင် ကြိုသူတစ်ဦး အဖြစ်ရှိနေပေတော့သည်။

အချစ်၏ရနံ့

အချစ်ဆိုတာဘာလဲလို့ အားလုံးစဉ်းစားဖူးကြမှာပေါ့။ကမ္ဘာဦးကျမ်းအလိုအရ အချစ်ကို အာဒံနဲ့ဧ၀ တို့ရဲ့ သစ်သီး(ပန်းသီး)အဖြစ်တင်စားကြတယ်။ ကျွန်တော်တော့ အဲ့ဒီလိုမထင်ပါဘူး။အချစ်ဆိုတာ မျက်စိနဲ့မြင်ရတာမှမဟုတ်တာ... တကယ်လို့ ကမ္ဘာဦးကျမ်းအလိုအတိုင်း ဖြစ်ခဲ့မယ်ဆိုရင်တော့ အချစ်ဆိုတာ အဲ့ဒီသစ်သီးအထဲက ရနံ့လို့ ကျွန်တော်ထင်တယ်။ချစ်သူစုံတွဲလေးတွေ အတွက် အဲ့ဒီသစ်သီးထဲမျာ ရနံ့မျိုးစုံပါလာမယ်လေ။ စုံတွဲ တစ်တွဲစီအတွက်တော့ ရနံ့ကဘယ်တူမလဲနော်. ကျွန်တော်နဲ့ချစ်သူအတွက်တော့ ကမ္ဘာဦးသစ်သီးထဲက ရနံ့ဟာ စွယ်တော်ရနံ့လို့ ကျွန်တော်တို့ သတ်မှတ်လိုက်ကြတယ်။ကဲ အားလုံးပဲ ကိုယ့်ချစ်သူကိုမေးကြည့်ပေါ့. သူထင်တဲ့ရနံ့နဲ့ ကိုယ်ထင်တဲ့ရနံ့ တူနေမယ်ဆိုရင်တော့.. အတိုင်းထက်အလွန်ပေါ့ဗျာ..

သူမ

ဒီနေရာမှာ တစ်ခါပြန်ခြေချ နေမရအောင်လွမ်းလို့များတော့ မထင်လိုက်နဲ့ ခရေတွေ ကြွေကျနေလို့ လာကောက်တာပါ။ ဒီအိမ်မက် ကို တစ်ခါပြန်မက်တော့ အနေခက်ပေမယ့် သေမတတ်အောင်လွမ်းတာမျိုးတော့ မရှိတော့ဘူးပေါ့။ ဒီရနံ့တွေတစ်ခါပြန်စူး နင့်အနမ်းဖူးဖူးတွေကို တော့ အရူးအမူးဖြစ်ရမယ့် အရွယ်လဲမဟုတ်တော့ဘူးလေ.. ဖြစ်နိုင်မယ်ဆိုရင်.. ပန်းနုရောင်တွေအကုန်လုံးကို အစိမ်းရောင်ပြောင်းပြစ်လိုက်မယ်

ကျွန်တော်သိသော အာနာပါန

ကျွန်တော် ငယ်ငယ်တုန်းက အဖွားနဲ့ အတူနေရတာ များတယ်။အဖွားကလဲ ကျွန်တော့်ကို တော်တော်ချစ်တယ်လေ။ အဖွားကို အရင်ဦးဆုံး မှတ်မိနေသည်က နံ့သာဖြူနံ့မွှေးသော အမြဲလိုလို ပုတီး စိတ် နေတတ်သော အသွင်ဖြင့်ပါ။ အဲ့ဒီတုန်းက ကျွန်တော်က မူလတန်းကျောင်းသားအရွယ်ပေါ့။ ညဆို အဖွားက ကျွန်တော့်ကို သူနဲ့ခေါ်သိပ်ပြီး ပုတီးစိတ်ခိုင်းတတ်သည်။ အနိစ္စ ဒုက္ခ အနတ္တ ဆိုတာကို ပုတီးတစ်လုံး ချရင် တစ်ခါဆိုပြီး စိတ်ရတာခင်ဗျ။ ကျွန်တော်ကလဲ ကလေးဆိုတော့ ဘာမှမသိဘူး စိတ်တာပဲ စာမကျက်ရ ပြီးရောလေ။ အဟဲ..။ အဖွားက မိုးကုတ်ဆရာတော်ဘုရားကြီး သက်ရှိထင်ရှားရှိစဉ်က ဟောခဲ့တဲ့ တရားတွေကို မှီခဲ့တယ်။ ကိုယ်တိုင်နာကြားခဲ့ရတော့ သမာဓိတော်တော် ကောင်းတယ်ဗျ။ ကျွန်တော်မှတ်မိ သလောက်ဆို အဖွားက အမြဲအေးချမ်းနေတာပဲ။ ကျွန်တော့်ကိုလဲ ညအိပ်ပြီဆို ထွက်လေ ၀င်လေ မှတ်အိပ်ခိုင်းတယ်။ အဲ့ဒီတုန်းကတော့ ဘာမှမသိဘူးလေ အဖွားခိုင်းလို့ လုပ်ရတာပေါ့..အခုမှ ပြန်စဉ်းစားကြည့်တော့ ထွက်လေ ၀င်လေရှူခိုင်းတာက သမာဓိကိုပျိုးထောင်တာပဲဗျ. သမာဓိမရှိပဲနဲ့ တရားကျင့်လို့မရနိုင်ဘူးလေ။ အဲ့ဒါက ၀ိပသနာရဲ့ အခြေခံပဲဆိုတာနားလည်လာတယ်. ဒါပေမယ့် အခု လူတွေ နားလည်နေတာက ဖြစ်ပျက် ရှူရမယ်ပေါ့။ ဖြစ်ပျက်က သမာဓိအားအရမ

ပစ္စုပ္ပန်ကြီးပွားချမ်းသာကြောင်းတရားလေးပါး

၁။ ဥဋ္ဌာနသမ္ပဒါ - ထကြွလုံ့လ ၀ီရိယဖြင့် ဥစ္စာပစ္စည်းကို ရှာဖွေရမည် ၂။ အာရက္ခ သမ္ပဒါ - မကုန်သင့်တာ မကုန်အောင် ထိန်းသိမ်းစောင့်ရှောက်မှူနှင့် ပြည့်စုံရမည် ၃။ ကလျာဏမိတ္တသမ္ပဒါ - မိတ်ဆွေကောင်းရှိရမည် ၄။ သမဇီဝိတသမ္ပဒါ - အ၀င်အထွက်မျှတအောင် သုံးစွဲတတ်ရမည် အဲ့ဒီလေးချက်မှာမှ ဥဋ္ဌာနသမ္ပဒါမှာ အင်္ဂါငါးပါးရှိသေးတယ်ဗျ။ ၁။ မိမိ၏ စီးပွားရေး၌ ကျွမ်းကျင်လိမ္မာခြင်း ၂။ မပျင်းမရိ ထကြွလုံ့လ ၀ီရိယရှိခြင်း ၃။ လုပ်ငန်း၌ စူးစမ်းဆင်ခြင်နိုင်သော ဥာဏ်ပညာရှိခြင်း ၄။ ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ခြင်း ၅။ ဦးစီးဦးဆောင် ပြု၍ စီမံညွှန်ကြားနိုင်ခြင်း တဲ့ဗျ ဒီအချက်တွေနဲ့ညီညွှတ်ရင် မကြီးပွားမရှိပါဘူး မကြီးပွားဘူးဆိုရင် ဒီအချက်တွေနဲ့ မညီသေးလို့ပေါ့။ ဒါဘုရားဟောတရားပါ။ မမှန်ဘူးဆိုတဲ့လူကို လျှာဖြတ်ပြီး ကျွန်ခံကြေးတောင်လောင်းလိုက်ချင်ပါသေးတယ်

မိတ်ဆွေကောင်း အင်္ဂါ ခုနှစ်ပါး

၁။ ပေးနိုင်ခဲသော အရာဝတ္ထုကိုပေးခြင်း ၂။ ပြုနိုင်ခဲသော အမှူကိစ္စကို ပြုလုပ်နိုင်ခြင်း ၃။ သည်းခံနိုင်ခဲသောအရာကို သည်းခံခြင်း ၄။ မိမိ၏ လျှို့ဝှက်အပ်သောအရာကို မိမိ၏ အဆွေခင်ပွန်းအား ဖွင့်ဟပြောကြားခြင်း ၅။ မိမိမိတ်ဆွေ၏ လျှို့ဝှက်အပ်သော အရာကို လျှို့ဝှက်ထားခြင်း ၆။ ဘေးရန်အန္တရယ်တွေ့ကြုံလာသော အခါ၌ မိမိ၏မိတ်ဆွေကို စွန့်ပစ်မထားခြင်း ၇။ ပစ္စည်း ဥစ္စာကုန်ခန်းပျက်စီးခြင်းကြောင့် မိမိ၏ မိတ်ဆွေအား အထင်သေး၍ မိမိကိုယ်ကိုမူ အထင်ကြီး မောက်မာပြီး မထေမဲ့မြင် မပြုတတ်ခြင်း အထက်ပါအချက် ခုနှစ်ချက်သည် မိတ်ဆွေကောင်း အင်္ဂါ ခုနှစ်ပါးဖြစ်သည်။ ဆန့်ကျင်ဘက် အင်္ဂါခုနှစ်ပါးသည် မိတ်ဆွေယုတ် အင်္ဂါဟု အပြန်အားဖြင့်သိနိုင်ပါသည်။

သူ

ရင်မှာတမ်းတ မေ့မရလို့ တွေ့ဖို့ရည်စူး စိတ်တွေကူးလဲ မဆုံချင်သူကရှောင်ပုန်း အဆုံးမှာတော့ အရှူံးတွေနဲ့လူသားဟာငါပါ တွေဝေငေးမော ဒီအလွမ်းတောထဲ ရမ်းရော်မှန်းစ လွမ်းရပေမယ့် ဘယ်တော့မှ မှားတယ်လို့ ၀န်မခံဘူး ချစ်သူမရှိတဲ့ အနာဂတ်မှာ ငါမပါတဲ့ ပစ္စုပ္ပန် နဲ့ တို့နှစ်ယောက်ရှိခဲ့ဖူးတဲ့ အတိတ်ကိုတမ်းတနေမှာပါ။

အမှတ်တရ

Image
ဒီပုံကတော့ အခုနောက်ဆုံး အခေါက် ကလောသွားတဲ့လမ်းဘေးက တောင်ကုန်းလေးပေါ်မှာ ဒီပုံက မန်းလေးမှာ ဒုတိယအကြိမ်တွေ့တုန်းက ရိုက်ထားတာ ဒီပုံကတော့ ပထမဆုံး ချစ်သူဖြစ်တဲ့နေ့က ရိုက်ထားတာ ကျွန်တော်တို့မှာ အမှတ်တရ ဖြစ်စရာအကောင်းဆုံးကတော့ ဒီလက်ကလေးတွေကို ရိုက်ထားတဲ့ ပုံလေးတွေပေါ့ တချို့ပုံလေးတွေကို အရမ်းလှတယ်လို့ သူငယ်ချင်းတွေကပြောကြတယ် တချို့ကတော့ မလှဘူး. ဒါပေမယ့် အမှတ်တရ ရိုက်ထားတာဆိုတော့ တစ်သက်တာ ထာဝရပေါ့။

Last Kiss

As i looked into Urs eyes I knew something was wrong And then U said goodbye We had been together too long U said you didn't feel for me The same way i did for U And after years of Ur love We are actually through I said U won't go U said U can't stay But would all end that day I told U how I would miss Each and every day And that was when we kissed And U turned and walked away . . .

သစ္စာတရား၏ စေရာဖြစ်သော အလွမ်း၏နေရာ

အတိတ်သည် အိမ်မက်ဆန်၏။ သို့မဟုတ် မရှိတော့သည်ကို ရှိသေးသယောင် အဖြစ် အိမ်မက် ပမာ လှည့်စားခြင်း ပင်ဖြစ်သည်။ ထို အတိတ်ကြောင့်ပင် သူသည် ၀မ်းနည်းရမည်လော ၀မ်းသာရည်လော မပြောတတ်ပေ။ သို့သော် ဆွတ်ပျံ့ကြည်နူးလွမ်းဆွတ် မိသည်ကိုမူ သူသိသည်။ တရံတခါတော့ ကြံကြံဖန်ဖန် တွေးမိသည်။ သေခြင်းတရား ဟူသည် မသိနိုင်သော အနာဂတ်ဆီသို့ သယ်ပို့ပေးခြင်းပင်ဖြစ်သည်။ ထို့အတူ သိခဲ့ပြီးသော အတိတ်ဆီသို့ သယ်ပို့ပေးနိုင်သော အရာရှိခဲ့ပါမူ ကောင်းမည်လောဟု...။ မှန်သည် ကောင်းများ ကောင်းမည်လောဟု သူပြောသည် ။ အဘယ်ကြောင့်မူ ကောင်းမည်ဟုလည်း အာမမခံနိုင် ဆိုးမည်ဟုလည်း မသိနိုင်သောကြောင့် ပင်။ အမှန်တော့ အတိတ်သို့လွမ်းဆွတ်ခြင်းဟူသည်မှာ ခံစားမှူပင် ဖြစ်သည်။စိတ်သို့ အစိုးမရခြင်းလည်းဖြစ်သည်။ တိမ်မရှင်းသော်လည်း သာသောလသည် ထိန်ထိန်လင်းစပြုလေပြီ...။သူသည် အနောက်လမ်းရိုးအတိုင်း လျှောက်လာနေ၏။ဆောင်းအကုန်နွေအကူးမို့ နွေဦးကလဲ မပီပြင်သေး။ချမ်းစိမ့်စိမ့်နိုင်ပင် နိုင်သေးတော့၏။ တလောကလုံး အိပ်မောကျနေချိန် တိတ်ဆိတ်လွန်းလှသောကြောင့် လရောင်သည်ပင် ဖြူလွှလွှ မှ ဖြူလျှော်လျှော် ရှိနေလေသည်။ ထိုတိတ်ဆိတ်သော ညကာလတွင် တခါတရံ ကြွေကျသော ရွက်ကြွေများ၏ အသံသာ ကြားရ၏။ တဖြေြးေ

အဖြစ်ချင်ဆုံးဆန္ဒ

ညီမငယ် ငှက်ကလေး တဂ်ထားလို့ပါ။ ကျွန်တော် ငယ်ငယ်ကတော့ စိတ်ကူးယဉ်ခဲ့တာတွေ အများကြီးပေါ့၊ လေယာဉ်ပျံကြီးမောင်းချင်တယ်၊ ဒါပေမယ့် ကျွန်တော့်ဘ၀ ကိုတော့ ငယ်ငယ်ကထဲက အရိုးသားဆုံး ရှင်သန်ခဲ့သူပါ ကျွန်တော်ဟာ အတန်းတိုင်းမှာ စာတော်တဲ့ နာမည်ကြီးကျောင်းသားထဲမှာ မပါဝင်ပေမယ့် အလယ်တန်းကနေ တက္ကသိုလ် ရောက်တဲ့အထိတော့ အမြဲတက်ကြွနေတဲ့ active ဖြစ်တဲ့. ခင်စရာကောင်းတယ်လို့ သူငယ်ချင်း တော်တော် များများက သတ်မှတ်ပေးကြပါတယ်။ ကျွန်တော့်မိသားစုဟာလည်း အချမ်းသာဆုံး စာရင်းမှာ မပါ ပေမယ့် ကိုယ့်အလုပ်နဲ့ကိုယ် ပုံမှန် လည်ပတ်နေတဲ့ အင်မတန်ပျော်စရာ ကောင်းတဲ့ မိသားစုပါ။ ကျွန်တော့အဖေဟာ အလွန်ခေါင်လှတဲ့ သရက်ကန်ဆိုတဲ့ ရွာလေးတစ်ရွာကပါ။ရွာနာမည်ကိုတော့ ကြားဖူးကြမှာပါ တောရွာလေးတစ်ရွာဆိုတော့ တောင်သူလယ်သမားမျိုးရိုးပေါ့။ပုံပြင်တွေ ၀တ္ထုတွေထဲကလိုတော့ မဆင်းရဲပါဘူး ရွာမှာဆို အဖေတို့ ပိုင်တဲ့ လယ်တွေဟာ လက်ညိုးထိုးမလွဲပေါ့လို့ ရွာကလူကြီးတွေက ပြောပြကြပါတယ်။ ဒါပေမယ့် ကိုယ့်ဒူးကိုယ်ချွန်ပြီး ထူးချွန်ချင်တဲ့အဖေဟာ ရွာမှာလယ်လုပ်ရတာကို မပျော်ပိုက်ခဲ့ပါဘူး။အဖေတို့ရွာဟာ ခေါင်လွန်းတဲ့အတွက် ကားကိုတောင်မှ တစ်ရက်ခရီးရှိတဲ့ မြို့ကိုသွားမှ မြင်ရတယ်တဲ့၊ဒါပေမယ့် အ

အချစ်ဆိုတာ မသီကုံးလဲ မွှေးနေအုံးမယ့်ခရေကုံးလေးတွေပါ

ကျွန်မကို ဒီလမ်းလေးထဲသို့နောက်တစ်ကြိမ်လျှောက်လှမ်းမိစေလိုက်သည်မှာ...ဘယ်အရာဖြစ်မလဲဆိုတာ ကျွန်မမခွဲခြားနိုင်ခဲ့၊ သစ်ရွက်ကြွေများက ၀င်ခါစနေရောင်အောက်မှာ ပြေးလွှားနေပုံကတစ်စုံတစ်ယောက်ကိုများလွမ်းစေချေင်ရော့သလား.... ဟိုးယခင်နှစ်များစွားကတော့.. မောင့်ရဲ့လက်ကိုတွဲရင်း ဒီလမ်းလေးထဲမှာ ကျွန်မတို့လမ်းလျှောက်နေကြပေါ့... အခုတော့... သစ်ရွက်ကြွေလေးတွေသာ စကားတတ်မယ်ဆိုရင်...သူတို့တွေ မောင့်ကိုတော့ မေးကြပေလိမ့်မည် ဖြစ်နိုင်မယ်ဆိုရင် အိမ်မက်များသာဖြစ်လိုင်ချင်ဧ။်.. သူဆိုပြခဲ့ဖူးတဲ့ သီချင်းလေးတွေနဲ့ ကဗျာလေးတွေကို လွမ်းမိတာကျွန်မအပြစ်များဖြစ်နေပြီးလားမသိ..အားလုံးကိုလိမ်ညာလို့ရနိုင်ခဲ့ပေမယ့်.. ငါ့ကိုယ်ငါလိမ်ညာလို့မရခဲ့တာ အစောကတည်းကငါသိခဲ့သင့်တာပေါ့ မောင်ရယ်..နော် ကဲငါပြန်တော့မယ်မောင်.. အို .... ပြန်လို့ဘယ်ဖြစ်အုံးမလဲ ဒီလမ်းလေးထဲက အလှဆုံး ဧကရာဇ်ပင်ကြီးရဲ့ ပင်စည်မှာ ငါ့မွေးနေ့အမှတ်တရ နင်ထွင်းပေးခဲ့တဲ့ ငါ့နာမည်လေး စာသုံးလုံးကိုတော့ နောက်ဆုံးအနေနဲ့ ငါကြည့်ချင်သေးတယ်... နှစ်တွေကြာလို့ ဟောင်းသွားတဲ့စာလုံးလေးတွေက.. ကျောက်ဖြစ်သွားတဲ့ ကျွန်မနှလုံးသားနဲ့ပင် တူလျှော့ထင်သည်.. ကဲအခုတော့ ဒီလမ်းလေးထဲကနေ ကျွန်မတ

True Love

တစ်ခါတုန်းက Moses (မိုးစစ်) ဆိုတဲ့လူတစ်ယောက်ရှိသတဲ့။ ဒီလူဟာ အရမ်းရုပ်ဆိုးတယ်၊ ပုပုတိုက်တိုက် အရပ်နဲ့ ခါးက ကုန်းသေးသတဲ့၊ တစ်ရက်မှာ သူဟာ ဟန်ဘက်(ခ်)မြို့က ကုန်သည်ကြီးတစ်ဦးအိမ် အလည်ရောက်တယ်၊ အဲ့ဒီကုန်သည်ကြီးမှာ အင်မတန် ချောမောလှပတဲ့ သမီး Frumje (ဖရွန်ဂျေ)ကို မိုးစစ် ကဘယ်လိုမှမျှော်လင့်လို့ မရနိုင်ပေမယ့် ချစ်မိသတဲ့၊ အဲ့ဒါ ဒီ မိုးစစ် ရဲ့ အချိုးမကျန အရုပ်ဆိုးတဲ့ ရုပ်နဲ့မို့ ပြင်းပြင်းထန်ထန် ငြင်းဆန်တာပေါ့ သူက ကောင်မလေးကို ခွဲခွာခါနီးမှာ သတ္တိတွေမွေး.. နောက်ဆုံး အခွင့်အရေးတစ်ခုအနေနဲ့ စကားပြောဖို့ လှေကားက တက်သွားသတဲ့ ..... နတ်သမီးလေးလို မဟာဆန်တဲ့ အချောအလှက ငြင်းတာပေါ့၊ မိုးစစ် ကို ကြည့်တောင်မကြည့်ဘူးတဲ့၊ မိုးစစ်က ရှက်ရှက်နဲ့မေးတယ် ကောင်းကင်ဘုံမှ လက်ထပ်ပွဲတွေ လုပ်ကြတယ် ဆိုတာ မင်းယုံလားတဲ့၊ ကောင်မလေးက လည်းယုံတယ်ပေါ့၊ လူငယ်တစ်ယောက်ကို နတ်မင်းကြီးက မေးတယ်၊ ဘယ်မိန်းကလေးကို မင်းလက်ထပ်မလဲ ဆိုတော့ လူငယ်က ကျွန်တော်မွေးကတည်းက ကျွန်တော့်မှာ ဖူးစာရှင် မိန်းကလေးရှိနေပါပြီတဲ့၊အဲ့ဒီတော့ နတ်မင်းကြီးက ပြောတယ် ဒါပေမယ့် မင်းဇနီးဖြစ်မယ့် မိန်းကလေးက ခါးကုန်းကြီးဖြစ်လိမ့်မယ်တဲ့..၊ လူငယ်လေးက ပြန်ပြောတယ်။ ကောင်းပါ

မူလတန်းကျောင်းသားဘဝ

Image
မူလတန်းကျောင်း လေးပါ။ ရှမ်းပြည်နယ်က တောရွာလေးတစ်ရွာမှာ တည်ရှိပါတယ်။ စိန်ပန်းတွေ ဝေနေအောင် ပွင့်တဲ့ ရာသီမှာ ကျွန်တော် ဒီကျောင်းလေးကို ရောက်ခဲ့ပါတယ်။ ဒီကျောင်းလေးရှေ့ကိုရောက်တော့ ကျွန်တော့် စိတ်တွေ ဟိုးငယ်ဘ၀ဆီကို ရွက်လွင့်မိတယ်။ ကျွန်တော်တို့တွေဟာ များသာအားဖြင့် အထက်တန်းကျောင်းတွေ တက္ကသိုလ်ကြီးတွေကိုသာ မတက်ဖူးရင်နေမယ် ငယ်ဘ၀မှာတုန်းကတော့ ကျောင်းရှိတဲ့နေရာမှာ နေတဲ့သူတိုင်း မူလတန်းကျောင်းလေးကို တော့ တက်ဖူးကြမှာပါ။ ဒီကျောင်းလေးကို မြင်ရတော့ ဦးစွာပထမ ဖြူစင်မှူကို ပြန်ခံစား ရတယ်။ မူလတန်းကျောင်းလေးမှာ လူတန်းစားခွဲခြားမှူတွေ ဆင်းရဲချမ်းသာခွဲခြားမှူတွေ အသားရောင်ခွဲခြားမှူတွေ မရှိဘူးလေ။ ဘယ်သူကဆင်းရဲပြီး ဘယ်သူကချမ်းသာတယ်ဆိုတာ တကယ်ကိုမတွေးဖြစ်ကြပါဘူး။ အသက်ကြီးလာမှသာ သြော်သူကတော့ ငယ်ငယ်ကထဲက ချမ်းသာပြီး သူကတော့ ငယ်ငယ်ကထဲက ဆင်းရဲတာပါလားလို့သိလာတယ်။ ငယ်တုန်းကတော့ အရောင်တွေမစွန်းထင်းသေးဘူးပေါ့။ အခုတော့ ဟိုးငယ်ငယ်မူလတန်းတက်ခဲ့ တုန်းကခင်ခဲ့တဲ့သူငယ်ချင်းတွေဟာ တစ်ယောက်တကွဲစီဖြစ်လို့ပေါ့။ တချို့က နိုင်ငံရပ်ခြားမှာ တချို့ က ဒီမှာပဲ အရမ်းချမ်းသာတဲ့ဘ၀တွေပိုင်ဆိုင်လို့ တချို့ကတော့ ဆရာတွေဆရာမတွေ ပြန်ဖြစ်လို

သင်္ကြန်ပွဲတော် နှင့် ...

ရှေးမြန်မာမင်းများ လက်ထပ်ကနေစတင် ကျင်းပခဲ့တဲ့ သင်္ကြန်ပွဲတော်ဟာ မြန်မာတို့ရဲ့ တစ်ဆယ့်နှစ်လရာသီ ပွဲတော်တွေထဲမှာ ပါဝင်ဆင်နွဲသူအများဆုံး ပွဲတော်ပါ။ ပုဂံမင်းလက်ထပ်မှာ တစ်လလုံး ကျင်းပသည်အထိ ပျော်စရာကေင်းတယ်လို့ ယူဆကြတဲ့ ပွဲတော်တစ်ခုပါ။ သို့သော်လည်း တစ်ဆယ့်နှစ်လရာသီ ပွဲတော်များထဲမှာ ကောင်းကျိုးပြန်ရနိုင်မှူ အနဲဆုံးနဲ့ ငွေကြေး အကုန်အကျ အများဆုံးပွဲတော်တစ်ခုလဲ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး စီးပွားရေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ ဖွံ့ဖြိုးဆဲအဆင့်ကနေမတက်နိုင်တဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ယခုလို ပွဲတော်မျိုးကို အမိန့်တစ်ရပ်ထုတ်ပြန်ပြီး အကျဉ်းချုံးကျင်းပသင့်ပါတယ်။ ရာဇ၀င်ထဲက သင်္ကြန်ဟာ ယဉ်ကျေးစွာနဲ့ပျော်ရွှင်ဖွယ်အတိ ဖြစ်ခဲ့ပေမယ့် ယနေ့သင်္ကြန်ဟာတော့ အရက်သောက်ပွဲတော်တစ်ခုလိုသာ ဖြစ်နေပါတယ်။ လူသားခြင်းစာနာမှူကို အလေးထားပါလို့ အော်ဟစ်နေသော ကျွန်တော်တို့ သင်္ကြန်ပွဲတော်ကျင်းပနေသူများဟာ ရေကြည်တစ်ပေါက် ရရန်ခက်နေသော ရေအတွက် လူ့အသက်တွေ ပေးနေရသော နိုင်ငံများမှ မျိုးနွယ်တူလူသား တွေအပေါ်မှာ မတရားရာရောက် နေတယ်လို့ ကျွန်တော်တော့မြင်ပါတယ်။သစ်တောပြုန်းတည်းမှူ ပင်လယ်ရေမျက်နှာပြင် မြင့်တက်

အလွမ်းများ

သစ္စာတရားကိုရင်မှာပိုက် ကောင်းကင်မှာငါ့အချစ်တွေကိုသံမှိုနဲ့ရိုက်ထားတယ် ချစ်သူကပြောတယ် နှလုံးသားလှဖို့သာလိုတာပါတဲ့... ငါ့ရင်ကိုခွင်း...မင်းအချစ်မျှားတစ်စင်းကြောင့် အိပ်မက်တွေကို ....တံခါးပိတ်ထားလိုက်တယ်... ငါတို့တွေ့ခဲ့တုန်းက အရှေ့တောင်ကုန်းက ဧကရာဇ်ပင်အိုကြီးလဲပြုံးလို့ပေါ့... အခုတော့...အချိန်တန်ပေမယ့် စံပယ်တွေလဲမပွင့်တော့ဘူး... ချစ်သူရေ..... မင်းကိုလွမ်းသဖြင့်သာပန်းပွင့်ကြမယ်ဆို... ငါ့ဥယျဉ်မှာ....ပန်းတွေကြည့်ပေါ့တဲ့.. ငါ့နှလုံးသားမှာ မင်းဟာနတ်သမီးပါ... မင်းဟာငါငယ်ငယ်ကမက်ခဲ့ရတဲ့အိပ်မက်ပါ.. မင်းဟာငါလျှောက်ချင်သောခရေပင်လမ်းလေးပါ.. မင်းဟာငါ့ရဲ့လပြည့်လေးပါ မင်းဟာငါ့ရဲ့ ....... ဖြစ်နိုင်မယ်ဆိုရင်...အလွမ်းကိုဘယ်လိုစာလုံးပေါင်းလဲငါမသိချင်ဘူး...

အချစ်ဆိုသည်မှာ..

အချစ်ဆိုတာ..ရှင်းပြရခက်တယ်.ပုံပြင်တစ်ပုဒ်လိုနားထောင်ကောင်းအောင်လဲ ပြောပြလို့ရတယ်.. စစ်ပွဲတစ်ပွဲကို တိုက်ရသလိုမျိုးလဲ နည်းဗျူဟာ ကြွယ်ဝဖို့လိုတယ်.. ပန်းပင်လေးတစ်ပင်စိုက်ပျိုးရသလို...စိတ်ရှည်ဖို့လဲလိုသလို..ဒါပေမယ့် တစ်ခါတရံမှာတော့...ချစ်ဆိုတာသင်္ချာပုစ္စာတစ်ပုဒ်ကိုဖြေရှင်းရသလိုမျိုးနဲနဲခက်တယ်.. ဒါပေမယ့် ဘယ် သီအိုရီတွေသုံးသုံး နောက်ဆုံးမှာတော့... အချစ်ဆုံးဆိုတာတစ်ယောက်ထဲရှိတာပါ ကျွန်တော့်အတွက်တော့..အချစ်ဆိုတာ အိမ်မက်တစ်ခုကို မက်ရသလိုပဲလို့ထင်တယ်.. ဒီနေ့ညဘာမက် မယ်လို့ အကြောင်းမကြားထားပဲ မက်ချင်ရာလာလာမက်ကြတယ်လေ. ဒီနေ့မက်ခဲ့တဲ့အိမ်မက်ကို နောက်နေ့ထပ် မက်ဖို့ လဲပြန်ဆုတောင်းလို့မရနိုင်ဘူးပေါ့.. ဒါပေမယ့် အိမ်မက်လှလှမက်အောင်တော့ လုပ်လို့ရတယ်လေ. ပြီးတော့.. မိန်းမတစ်ယောက်ကိုချစ်ရတဲ့ခံစားမှူဟာ ဘာနဲ့တူသလဲဆိုတော့. ကျွန်တော့်အတွက်ကတော့. မီးခံသေတ္တာကို ဖွင့်နေရတဲ့ခံစားမှူနဲ့တူတယ်ဗျ. ကိုယ်နေ့တိုင်းဖွင့်နေကြပေမယ့်. ဖွင့်တဲ့အကြိမ်တိုင်းမှာ ရင်ခုန်တုန်းပဲ.. ကျွန်တော်လဲအဲ့ဒီလိုပဲ. ချစ်သူကိုချစ်နေရတဲ့စက္ကန့်တိုင်းမှာ. ရင်ခုန်သံမြန်နေမြဲပဲဗျာ..ဒါပေမယ့်. တစ်ယောက်နဲ့တစ်ေ

ခရီးသည်

ဘယ်သူကမှလဲ မဖိတ်ခေါ်ခဲ့ပါဘူး... ဒါပေမယ့် ငါရောက်ရှိခဲ့ပြီ ပြီးတော့ ငါမပိုင်တဲ့ အနာဂတ်ဆီ အလင်းရောင် ရှိလိမ့်နိုးနဲ့ ငါတိုးခဲ့ရသည်။ တစ်လှမ်းပြီးတော့... နောက်တစ်လှမ်း.... ငါ့ခြေလှမ်းတွေ မောလို့ပန်းတော့ မနွမ်းပန်းရဲ့ အနမ်းကြောင့်သာ ငါလန်းခဲ့ရသည်။ မေတ္တာစစ်ရဲ့ အချစ်ကြောင့်လဲ ငါဟာ အသစ်အသစ် ပြောင်းခဲ့ရသည်။ တစ်နေ၀င်ပြီး တစ်ညရောက် တစ်မိုးသောက်လို့ အလင်းရောက်ခဲ့ပြီ အရှေ့အနောက် မသိပေမယ့် ငါလျှောက်ရမယ့် လမ်းကလဲ ရောက်ခဲ့ပြန်ပြီ နိဒါန်းမရှိတဲ့ နိဂုံး သြော်...ဒီလမ်းဆုံးအောင်တော့ ငါလျှောက်ရအုံးမည်....