အဖြစ်ချင်ဆုံးဆန္ဒ

ညီမငယ် ငှက်ကလေး တဂ်ထားလို့ပါ။ ကျွန်တော် ငယ်ငယ်ကတော့ စိတ်ကူးယဉ်ခဲ့တာတွေ အများကြီးပေါ့၊ လေယာဉ်ပျံကြီးမောင်းချင်တယ်၊ ဒါပေမယ့် ကျွန်တော့်ဘ၀ ကိုတော့ ငယ်ငယ်ကထဲက အရိုးသားဆုံး ရှင်သန်ခဲ့သူပါ ကျွန်တော်ဟာ အတန်းတိုင်းမှာ စာတော်တဲ့ နာမည်ကြီးကျောင်းသားထဲမှာ မပါဝင်ပေမယ့် အလယ်တန်းကနေ တက္ကသိုလ် ရောက်တဲ့အထိတော့ အမြဲတက်ကြွနေတဲ့ active ဖြစ်တဲ့. ခင်စရာကောင်းတယ်လို့ သူငယ်ချင်း တော်တော် များများက သတ်မှတ်ပေးကြပါတယ်။ ကျွန်တော့်မိသားစုဟာလည်း အချမ်းသာဆုံး စာရင်းမှာ မပါ ပေမယ့် ကိုယ့်အလုပ်နဲ့ကိုယ် ပုံမှန် လည်ပတ်နေတဲ့ အင်မတန်ပျော်စရာ ကောင်းတဲ့ မိသားစုပါ။ ကျွန်တော့အဖေဟာ အလွန်ခေါင်လှတဲ့ သရက်ကန်ဆိုတဲ့ ရွာလေးတစ်ရွာကပါ။ရွာနာမည်ကိုတော့ ကြားဖူးကြမှာပါ တောရွာလေးတစ်ရွာဆိုတော့ တောင်သူလယ်သမားမျိုးရိုးပေါ့။ပုံပြင်တွေ ၀တ္ထုတွေထဲကလိုတော့ မဆင်းရဲပါဘူး ရွာမှာဆို အဖေတို့ ပိုင်တဲ့ လယ်တွေဟာ လက်ညိုးထိုးမလွဲပေါ့လို့ ရွာကလူကြီးတွေက ပြောပြကြပါတယ်။ ဒါပေမယ့် ကိုယ့်ဒူးကိုယ်ချွန်ပြီး ထူးချွန်ချင်တဲ့အဖေဟာ ရွာမှာလယ်လုပ်ရတာကို မပျော်ပိုက်ခဲ့ပါဘူး။အဖေတို့ရွာဟာ ခေါင်လွန်းတဲ့အတွက် ကားကိုတောင်မှ တစ်ရက်ခရီးရှိတဲ့ မြို့ကိုသွားမှ မြင်ရတယ်တဲ့၊ဒါပေမယ့် အဖေရဲ့ ငယ်ငယ်တုန်းက ရည်ရွယ်ချက်က အတော်ပြင်းထန်ပါတယ် ကုန်ကားတွေကို မောင်းနှင်ချင်တယ် ကုန်ကားပိုင်ရှင် ဖြစ်ချင်တာပါတဲ့။ အဲ့ဒါကြောင့် အသက် 12 နှစ်သားမှာပဲ မိုးကုတ်မြို့ကို လက်သမားအလုပ်သွားလုပ်ကြတဲ့ အကိုတစ်ဝမ်းကွဲတွေနဲ့ အတူလိုက်လာခဲ့ပါတော့တယ်။ အဲ့ဒီမှာပဲ စလုပ်ရတာတော့ အကိုတွေနည်းတူ လက်သမားအလုပ်ပေါ့။အဲ့ဒီတုန်းက ရတဲ့လုပ်အားခကို စုပြီးတော့ အိမ်ကိုပြန်ပို့တယ်တဲ့. အခုအဖွားတို့ နေနေတဲ့ အုတ်ခံ ပျဉ်ထောင်အိမ်ကြီးဟာ အဖေလက်သမားအလုပ်လုပ်ရင်း ပို့ပေးတဲ့ ပိုက်ဆံနဲ့ ဆောက်ထားတာလို့ အဖိုးက ကျွန်တော်တို့ကိုပြောပြတော့ ကျွန်တော့် မျက်စိမှာ ၁၂နှစ်သားအရွယ်ကလေးတစ်ယောက် တစ်မြို့ တစ်ရွာမှာ ပင်ပန်းတဲ့ လက်သမားအလုပ်လုပ်နေတဲ့ မြင်ကွင်းကိုမြင်လာရင် မျက်ရည်လည်လာမိပါတယ်။ ဒါပေမယ့် အဖေဟာ အနေအေးလွန်းတာကြောင့် ကျွန်တော်တို့ကို ငါငယ်ငယ်က ဘယ်လိုလုပ်ခဲ့ရတယ် ဘာညာ မပြောပြပါဘူး၊ အခုအချိန်မှာတော့ အဖေဟာ သူဖြစ်ချင်တဲ့ ဆန္ဒတွေ တကယ်ဖြစ်နေခဲ့ပါပြီ။ ကားတွေပေါ်မှာ နေရင်း ကားတွေပြင်နေရရင် အဖေဟာပျော်နေတာပါပဲ။ဘယ်လောက် အဖိုးတန်တဲ့ အကျီင်္ဝတ်ထားပါစေ ကားအောက်က ဘာဖြစ်လဲမသိဘူးလို့ ဒရိုင်ဘာတွေက ပြောလိုက်တာနဲ့ အဖေဟာ ကားအောက်ကို ငုံ့ဝင်သွားပြီး ကားကိုကြည့်ပြီးနေပါပြီ။ ပြန်ထွက်လာတော့ အကျီက ပေပွလို့ပေါ့။ အသက် ၅၂ နှစ်အရွယ် ရောက်နေတဲ့ ကျွန်တော့်အဖေရဲ့ ဘ၀မှာ မကောင်းမှူဆိုတာ ဘာတစ်ခုမှ မလုပ်ခဲ့ဖူးဘူးလို့ ပတ်ဝန်းကျင်က လူကြီးတွေက ပြောပြခဲ့ပါတယ်။ အအိပ်မက်တဲ့ ကျွန်တော်တို့ မောင်နှမတွေဟာလည်း အဖေသာ ကျောင်းလိုက် မပို့ခဲ့ရင် ဒီလိုဘွဲ့ ရပညာ တတ်တွေဖြစ်လာမှာ မဟုတ်ပါဘူး။ ကျေးဇူးကြီးလှတဲ့ ကျွန်တော့်အဖေပါ.။
ကျွန်တော့် ဆန္ဒဟာလည်း အဖေ့ဆန္ဒနဲ့ သိပ်မကွာလှပါဘူး.. အောင်မြင်တဲ့ ပွဲရုံပိုင်ရှင်တစ်ယောက် ဖြစ်ရမယ်။ ပြီးတော့ အရမ်းလှတဲ့ ကုန်ကားကြီးတွေရဲ့ ပိုင်ရှင်ဖြစ်ချင်တာပါ။ ကျွန်တော့် အမေဟာလည်း အရမ်းထက်မြက် တဲ့ ကုန်သည်တစ်ယောက်ပါ။ Grande Mark II နဲ့ 12ဘီးကားဆို ၁၂ ဘီးကားကိုသာ ယူမယ့် ကျွန်တော်တို့ သားအဖ ပါ။ ကျွန်တော့်ဆန္ဒတွေ ဖြစ်အောင် အမေနဲ့ အဖေက အကောင်အထည်ဖော်ပေးနေပါပြီ. ကျွန်တော် အသက် ၃၅ နှစ်အရွယ်မှာ ဒီဆန္ဒတွေ ဖြစ်ရမယ်လို့ ဆုံးဖြတ်ထားပါတယ်။

Comments

chitpalone said…
ကဲ ပထမဆုံးကို နေရာယူသွားတယ်။ အဟိ။
ပြည့်စုံပါစေရှင်
တဂ်ရေးပေးတဲ့ ကိုပြည့်ဖြိုးးး ကျေးးးးဇူးးးနော်

တာ့တာ အလာနောက်ကျတာ ခွင့်လွှတ်ပါ ရှုတင်တွေ များနေလို့ပါ ဟဟဟ

Popular posts from this blog

မူလတန်းကျောင်းသားဘဝ

အမှတ်တရ