True Love

တစ်ခါတုန်းက Moses (မိုးစစ်) ဆိုတဲ့လူတစ်ယောက်ရှိသတဲ့။ ဒီလူဟာ အရမ်းရုပ်ဆိုးတယ်၊ ပုပုတိုက်တိုက် အရပ်နဲ့ ခါးက ကုန်းသေးသတဲ့၊ တစ်ရက်မှာ သူဟာ ဟန်ဘက်(ခ်)မြို့က ကုန်သည်ကြီးတစ်ဦးအိမ် အလည်ရောက်တယ်၊ အဲ့ဒီကုန်သည်ကြီးမှာ အင်မတန် ချောမောလှပတဲ့ သမီး Frumje (ဖရွန်ဂျေ)ကို မိုးစစ် ကဘယ်လိုမှမျှော်လင့်လို့ မရနိုင်ပေမယ့် ချစ်မိသတဲ့၊ အဲ့ဒါ ဒီ မိုးစစ် ရဲ့ အချိုးမကျန အရုပ်ဆိုးတဲ့ ရုပ်နဲ့မို့ ပြင်းပြင်းထန်ထန် ငြင်းဆန်တာပေါ့ သူက ကောင်မလေးကို ခွဲခွာခါနီးမှာ သတ္တိတွေမွေး.. နောက်ဆုံး အခွင့်အရေးတစ်ခုအနေနဲ့ စကားပြောဖို့ လှေကားက တက်သွားသတဲ့ .....
နတ်သမီးလေးလို မဟာဆန်တဲ့ အချောအလှက ငြင်းတာပေါ့၊ မိုးစစ် ကို ကြည့်တောင်မကြည့်ဘူးတဲ့၊ မိုးစစ်က ရှက်ရှက်နဲ့မေးတယ် ကောင်းကင်ဘုံမှ လက်ထပ်ပွဲတွေ လုပ်ကြတယ် ဆိုတာ မင်းယုံလားတဲ့၊ ကောင်မလေးက လည်းယုံတယ်ပေါ့၊ လူငယ်တစ်ယောက်ကို နတ်မင်းကြီးက မေးတယ်၊ ဘယ်မိန်းကလေးကို မင်းလက်ထပ်မလဲ ဆိုတော့ လူငယ်က ကျွန်တော်မွေးကတည်းက ကျွန်တော့်မှာ ဖူးစာရှင် မိန်းကလေးရှိနေပါပြီတဲ့၊အဲ့ဒီတော့ နတ်မင်းကြီးက ပြောတယ် ဒါပေမယ့် မင်းဇနီးဖြစ်မယ့် မိန်းကလေးက ခါးကုန်းကြီးဖြစ်လိမ့်မယ်တဲ့..၊ လူငယ်လေးက ပြန်ပြောတယ်။ ကောင်းပါပြီ ခင်ဗျာ ဒါဆိုလဲ အဲ့ဒီ ခါးကုန်းမိန်းကလေးလှပသွားအောင် ကျွန်တော့်ကိုပဲ ခါးကုန်းသာ ပေးလိုက်ပါတော့ သူလေးကိုတော့ လှနေပါစေခင်ဗျာ လို့ ပြောလိုက်တယ်၊ ဒီမှာတင် ဖရွန်ဂျေးဟာ မိုးစစ် ရဲ့မျက်လုံးတွေကို စိုက်ကြည့်ပြီး သူ့ရဲ့လက်ကလေးကို လှမ်းပေးသတဲ့၊ ဒီနောက် ကောင်မလေးဟာ မိုးစစ်ရဲ့ အင်မတန် ချစ်မြတ်နိုးတဲ့ ဇနီး ဖြစ်လာသတဲ့ ..
ကဲ အချစ်စစ်မှန်ရင်ဆုံတွေ့ရစမြဲပါဆိုတဲ့ အကြောင်းကိုပြောချင်တာပါ. ခါးကုန်းတွေကိုကြိုက်ဖို့ မဟုတ်ပါဘူး.
တကယ်တော့ လောကမှာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတရားဆိုတာ ရုပ်အလှနဲ့ မဆိုင်တာကို ပြောချင်တာပါ

Comments

တကယ်တော့ အချစ်စစ်ဆိုတာရှားပါးကုန်ပါပြီ

Popular posts from this blog

အဖြစ်ချင်ဆုံးဆန္ဒ

မူလတန်းကျောင်းသားဘဝ

မိတ်ဆွေကောင်း အင်္ဂါ ခုနှစ်ပါး