သူမ

ဒီနေရာမှာ တစ်ခါပြန်ခြေချ
နေမရအောင်လွမ်းလို့များတော့ မထင်လိုက်နဲ့
ခရေတွေ ကြွေကျနေလို့ လာကောက်တာပါ။

ဒီအိမ်မက် ကို တစ်ခါပြန်မက်တော့
အနေခက်ပေမယ့်
သေမတတ်အောင်လွမ်းတာမျိုးတော့ မရှိတော့ဘူးပေါ့။

ဒီရနံ့တွေတစ်ခါပြန်စူး
နင့်အနမ်းဖူးဖူးတွေကို တော့
အရူးအမူးဖြစ်ရမယ့် အရွယ်လဲမဟုတ်တော့ဘူးလေ..
ဖြစ်နိုင်မယ်ဆိုရင်..
ပန်းနုရောင်တွေအကုန်လုံးကို အစိမ်းရောင်ပြောင်းပြစ်လိုက်မယ်

Comments

chitpalone said…
ဟယ် တစ် တစ် တစ် ကွ ကောင်းလိုက်တဲ့ ကဗျာ။ အနမ်းက ဖူးဖူးပေါ့လေ။ အဟိ စတာ။ ပန်းနုရောင်တွေ အကုန်လုံးကို အစိမ်းရောင်ပြောင်းပစ်လိုက်မယ်။ အဲ့စာသားကို ကြိုက်တယ်။ ပြောင်းသာပြောင်း အားပေးတယ်။ အဟိ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး
အိုက်ရော ကိုပြည့်ဖြိုးရေ ဘာတွေ ဖြစ်နေလဲ ပြောကွယ် ကဗျာတွေ က ပြောင်မြောက်လှချဉ်တကား ဟဟဟ

ရင်ဘတ်ကြီးနဲ့ ခံစားပြီး ဖတ်သွားတယ်နော် သိရား ဘိုင်
ခရေ ကောက်ရင်း လွမ်းမိတယ်တော့ လုပ်ပါကွာ
emayarKhin said…
စိတ်ကြီးလှချည်လားးးးးးးးးးးး
(နောက်တာ)ကဗျာလေးကောင်းတယ်နော်....
မေလေး said…
ပြောင်းသာပြောင်း သယ်ရင်း။ငါအားပေးတယ်။
အစိမ်းတင်မဟုတ်ဘူး။အနက်ပါပြောင်းလိုက်။အိုကေ
အမြဲတမ်းခင်နေမဲ့
မေလေး
မိုက်တယ်..ကဗျာက
သူရဲကောင်းကွ...
may kyaw said…
မိုက်တယ်..ကြိုက်တယ်.... နော့်ဆီလည်း လာလည်ဦး ကိုပြည့်ဖြိုး...
www.friendsdaygroup.ning.com/profile/maykyaw
မှန်တာပေါ့လေ... အရွယ်မဟုတ်တော့ဘူးဆိုတာ..
ကိုယ့်ကိုယ်ကိုလည်း ပြန်ကြည့်ဦး..ဟိ.....
နှလံုးရည်နဲ့ ပြည်စုံတဲ့သူရဲကောင်းကြီးပါလား။
ခရေဖူးလေးတွေတဲ့ အရမ်းနုညံလှပတဲ့ ကဗျာလေးပါဗျာ။
H-Boy said…
ပန်းနုရောင်ကို အစိမ်းရောင်ပြောင်းပစ်မယ်ဆို တော့ တန်တော့ နောင်ကြီးက အစိမ်းရောင်ကြိုက်ပုံရတယ် ဟုတ်တယ်ဟုတ်
း))) နောက်တာနော် စိတ်မဆိုးနဲ့ တွေ့ပုချိ...
မိုက်တယ်
ပန်းနုရောင်တွေ အကုန်လုံး အစိမ်းရောင်ပြောင်းပစ်လိုက်မယ်တဲ့း)
မငုံ said…
ပန်းနုရောင်တွေကို အစိမ်းရောင်ပြောင်းတော့မလို့လား??
ကဗျာလေးကောင်းတယ်။
Unknown said…
နှလုံးသားနုနု မာနတွေစုပြီး

မြက်ခင်းစိမ်းအစား

ပန်းနုရောင်အတိတ်ကာလ

သူ့နေရာသူ ထားလိုက်ပါလား

ခရေကြွေပေမဲ့ ရနံ့မပြယ်သလို

ချစ်ခဲ့တဲ့အတိတ်

အိမ်မက်မှာ ပြန်ပေါ်လာရင်တောင်

အမှတ်ရရင်ခုန်စရာအဖြစ် ထင်ကျန်နေဆဲပါ

Popular posts from this blog

မူလတန်းကျောင်းသားဘဝ

အဖြစ်ချင်ဆုံးဆန္ဒ

အမှတ်တရ