ကျွန်တော်သိသော အာနာပါန

ကျွန်တော် ငယ်ငယ်တုန်းက အဖွားနဲ့ အတူနေရတာ များတယ်။အဖွားကလဲ ကျွန်တော့်ကို တော်တော်ချစ်တယ်လေ။ အဖွားကို အရင်ဦးဆုံး မှတ်မိနေသည်က နံ့သာဖြူနံ့မွှေးသော အမြဲလိုလို ပုတီး စိတ် နေတတ်သော အသွင်ဖြင့်ပါ။ အဲ့ဒီတုန်းက ကျွန်တော်က မူလတန်းကျောင်းသားအရွယ်ပေါ့။ ညဆို အဖွားက ကျွန်တော့်ကို သူနဲ့ခေါ်သိပ်ပြီး ပုတီးစိတ်ခိုင်းတတ်သည်။ အနိစ္စ ဒုက္ခ အနတ္တ ဆိုတာကို ပုတီးတစ်လုံး ချရင် တစ်ခါဆိုပြီး စိတ်ရတာခင်ဗျ။ ကျွန်တော်ကလဲ ကလေးဆိုတော့ ဘာမှမသိဘူး စိတ်တာပဲ စာမကျက်ရ ပြီးရောလေ။ အဟဲ..။ အဖွားက မိုးကုတ်ဆရာတော်ဘုရားကြီး သက်ရှိထင်ရှားရှိစဉ်က ဟောခဲ့တဲ့ တရားတွေကို မှီခဲ့တယ်။ ကိုယ်တိုင်နာကြားခဲ့ရတော့ သမာဓိတော်တော် ကောင်းတယ်ဗျ။ ကျွန်တော်မှတ်မိ သလောက်ဆို အဖွားက အမြဲအေးချမ်းနေတာပဲ။ ကျွန်တော့်ကိုလဲ ညအိပ်ပြီဆို ထွက်လေ ၀င်လေ မှတ်အိပ်ခိုင်းတယ်။ အဲ့ဒီတုန်းကတော့ ဘာမှမသိဘူးလေ အဖွားခိုင်းလို့ လုပ်ရတာပေါ့..အခုမှ ပြန်စဉ်းစားကြည့်တော့ ထွက်လေ ၀င်လေရှူခိုင်းတာက သမာဓိကိုပျိုးထောင်တာပဲဗျ. သမာဓိမရှိပဲနဲ့ တရားကျင့်လို့မရနိုင်ဘူးလေ။ အဲ့ဒါက ၀ိပသနာရဲ့ အခြေခံပဲဆိုတာနားလည်လာတယ်. ဒါပေမယ့် အခု လူတွေ နားလည်နေတာက ဖြစ်ပျက် ရှူရမယ်ပေါ့။ ဖြစ်ပျက်က သမာဓိအားအရမ်းကောင်းမှ ရှူမြင်နိုင်တာမျိုးဗျ။ ဘုန်းကြီးတရားဟောရင်လဲ စိတ်ကိုနာသီးဖျားမှာ ထားရမယ်ဆိုပြီး စဟောကြတာတွေ့ဖူးတယ်။ ကျွန်တော် တွေးမိသလောက်တော့ ပထမဦးဆုံး ၀ိပသနာရှူမယ့်လူဟာ စိတ်ကို နာသီးဖျားမှာ စပြီး မထားနိုင်လောက် သေးဘူးဗျ။ စိတ်ဆိုတာက ဘယ်နားမှာရှိမှန်းမသိတဲ့အရာလေ။ ပြီးတော့ ဖမ်းရသိပ်ခက်တာမျိုးကိုး..။အဲ့ဒီတော့ ကျွန်တော်သိတဲ့ အလွယ်ဆုံး နည်းလေးပြောချင်လို့ပါ.. စမ်းလုပ်ကြည့်ပေါ့. အရင်ဆုံး စိတ်ညိမ်တဲ့နေရာ ကိုရှာရမယ်ဗျ။ အခုမှ တရား စထိုင်မယ့်သူအနေနဲ့ စိတ်ညိမ်တဲ့နေရာက အရမ်းလိုအပ်တယ်။ သမာဓိ အတော်အသင့်ရပြီဆိုရင်တော့ ဆူညံနေတဲ့နေရာမှာ ထိုင်လဲ ရတယ်။ အခုတော့ ဆိတ်ငြိမ်တဲ့နေရာမှာ သက်တောင့်သက်သာ ထိုင်ပြီးတော့ နာခေါင်းက အသက်ရှူနေတာကို သတိထားပြီး ကြည့်။ အဲ့ဒီအသက်ရှူတာ မှာ ၀င်တဲ့လေနဲ့ ထွက်တဲ့လေ နှစ်မျိုးရှိတယ်လေ။ လွယ်တယ်မထင်နဲ့နော် အဲ့ဒီလေကို သတိထား ကြည့်ရတာ ကို နဲနဲတော့ ခက်တယ်ဗျ။ ဒါပေမယ့် သတိထားလိုက်။ ၀င်တဲ့လေ က အေးပြီးတော့ ၊ ထွက်တဲ့လေက နွေးတယ် ဗျ။ အဲ့ဒါလေးကို အရင်ကျင့်ကြည့်ဗျ။ အချိန်ကြာလာတာနဲ့အမျှ အေးချမ်းလာတာတွေ့ရလိမ့်မယ်.. ဒီနည်းက နိဗ္ဗန်ရောက်ကြောင်း အခြေခံလမ်းကြောင်းဖြစ်သလို။ လက်ရှိ လောကီ မှာလဲ အေးချမ်းတာကိုတွေ့ရမှာပါ. စိတ်အေးချမ်းတော့ ဆုံးဖြတ်ချက်မှန်ကန်တာပေါ့. ဆုံးဖြတ်ချက်မှန်ကန်တော့ အောင်မြင်မှူရတယ်လေ. အောင်မြင်မှူရတော့ စိတ်ချမ်းသာတာပေါ့.
စေတနာနဲ့ မသိသေးတဲ့သူတွေကို မျှဝေပေးတာပါ။ ကျွန်တော်နားလည်သလိုရေးထားတဲ့အတွက် အမှားပါချင်လဲ ပါမှာပါ။ အမှားပါရင် ကျွန်တော့်ကို သင်ပြပေးနိုင်ပါတယ်

Comments

ဟုတ်တယ်ကိုပြည့်ဖြိုး မလွယ်ဘူး အပြောလွယ်ပေမယ့် အလုပ်ခက်တယ် များလဲ လုပ်ဖူးတယ် များတို့က ချမ်းမြေ့နည်းလေ မတူဘူးရယ် များတို့က ဖောင်းတယ် ပိန်တယ် မှတ်တာ ဝမ်းဗိုက်ကို ရှုတာလေ
ဒါပေမယ့် ဒီရောက်တော့ တရားဝင်တော့ ဝင်လေ ထွက်လေ မှတ်ဖြစ်တယ် နှာခေါင်းနား တဝိုက် ယားကျိကျိ ဖြစ်တယ် ပြီးတော့ ရှုထုတ်လိုက်တဲ့ လေ တွေက ပူတာကို တခါတလေ ခံစားရတယ်
အဟိ တရားအကြောင်း ဆွေးနွေး သလိုများ ဖြစ်သွားလားမသိဘူး

တာ့တာ နော် ဘိုင်
chitpalone said…
ပါးလုံးတော့ မလုပ်ဖူးလို့ ယားကျိကျိဖြစ်တာ မသိဘူးဗျ အဟိ။ ဘာပဲဖြစ်ဖြစ် ဗဟုသုတ ရတယ်ဗျာ။ ပြန်သင်ပေးတော့ဘူးနော် အဟိ တခါမှမလုပ်ဖူးလို့ အဖွားအကြောင်းရေးထားတော့ အဖွားကိုတောင် သတိယသွားတယ်။
ပျော်ရွှင်ပါစေ
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး
ballonlay said…
သမာဓိအားကောင်းရင် စိတ်တည်တည်ငြိမ်ငြိမ်နဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်တယ်ဆိုတာ လက်ခံတယ်.. ဘောလုံးလဲ သမာဓိအားတွေပျောက်ပျက်နေပြီ ..ပြန်ပျိုးထောင်ရအုံးမယ်..
Unknown said…
ခုလိုရေးပေးတာ အရမ်းကောင်းပါတယ် သူငယ်ချင်းရေ ...

လွယ်လွယ်ကူကူ ရှင်းရှင်းလင်းလင်း ရှိပါပေတယ် ..

ဖြိုးက သင်္ကြန်ရက်တွေတိုင်း ရိပ်သာမှာ တရားထိုင်တယ်လေ ..

တရားထိုင်တဲ့ အခါ ၀င်လေ ထွက်လေ သတိထားကြည့်တယ်

၃ မိနစ်လောက်အကြာမှာ ကျောရိုးတွေ က နာလာတာ အရမ်းပဲ ... ဒါပေမဲ့ အဲ့တာကို နာရင် နာတယ်မှတ်ပြီး ၀င်လေထွက်လေ ပြန်ကြည့် ... ၄၅ မိနစ် ပြည့်တဲ့အခါ တော်တော်ကို ထိတာ ...

တနေ့ ကို ၈ကြိမ်လောက် လုပ်တာ .. စိတ်ကတော့ အရမ်းကို ကြည်လင် လန်းဆန်းသွားတာပဲ ..

ဒါကြောင့် တရားထိုင်တာကို စိတ်ငြိမ်ဆေးအဖြစ် ဖြိုးက သတ်မှတ်ထားတယ်လေ :)

Popular posts from this blog

မူလတန်းကျောင်းသားဘဝ

အဖြစ်ချင်ဆုံးဆန္ဒ

အမှတ်တရ