ပစ္စုပ္ပန်ကြီးပွားချမ်းသာကြောင်းတရားလေးပါး

၁။ ဥဋ္ဌာနသမ္ပဒါ - ထကြွလုံ့လ ၀ီရိယဖြင့် ဥစ္စာပစ္စည်းကို ရှာဖွေရမည်
၂။ အာရက္ခ သမ္ပဒါ - မကုန်သင့်တာ မကုန်အောင် ထိန်းသိမ်းစောင့်ရှောက်မှူနှင့် ပြည့်စုံရမည်
၃။ ကလျာဏမိတ္တသမ္ပဒါ - မိတ်ဆွေကောင်းရှိရမည်
၎။ သမဇီဝိတသမ္ပဒါ - အ၀င်အထွက်မျှတအောင် သုံးစွဲတတ်ရမည်

အဲ့ဒီလေးချက်မှာမှ ဥဋ္ဌာနသမ္ပဒါမှာ အင်္ဂါငါးပါးရှိသေးတယ်ဗျ။

၁။ မိမိ၏ စီးပွားရေး၌ ကျွမ်းကျင်လိမ္မာခြင်း
၂။ မပျင်းမရိ ထကြွလုံ့လ ၀ီရိယရှိခြင်း
၃။ လုပ်ငန်း၌ စူးစမ်းဆင်ခြင်နိုင်သော ဥာဏ်ပညာရှိခြင်း
၎။ ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ခြင်း
၅။ ဦးစီးဦးဆောင် ပြု၍ စီမံညွှန်ကြားနိုင်ခြင်း တဲ့ဗျ

ဒီအချက်တွေနဲ့ညီညွှတ်ရင် မကြီးပွားမရှိပါဘူး
မကြီးပွားဘူးဆိုရင် ဒီအချက်တွေနဲ့ မညီသေးလို့ပေါ့။ ဒါဘုရားဟောတရားပါ။
မမှန်ဘူးဆိုတဲ့လူကို လျှာဖြတ်ပြီး ကျွန်ခံကြေးတောင်လောင်းလိုက်ချင်ပါသေးတယ်

Comments

မေလေး said…
ထပ်မှတ်သွားပါတယ်နော်။
ဇော် said…
ဟုတ်ဗျ။ ဒါလဲ မှတ်တယ် စာအုပ်နဲ့။ =)ေ
အယ် ကိုပြည့်ဖြိုးရေ ပေါက်ပြီးတော့ တောလဲ ထွက်မသွားနဲ့ ဦးနော် များက လွမ်းနေမှာ ဟဟဟဟဟ
မှတ်သွားတယ်လို့ပြောတော့ဘူးနော် သူများတွေ ပြောပြီးသားမို့ ခိခိ

ဘိုင်

Popular posts from this blog

မူလတန်းကျောင်းသားဘဝ

အဖြစ်ချင်ဆုံးဆန္ဒ

အမှတ်တရ