Posts

Showing posts from June, 2009

အမှတ်တရ

Image
ဒီပုံကတော့ အခုနောက်ဆုံး အခေါက် ကလောသွားတဲ့လမ်းဘေးက တောင်ကုန်းလေးပေါ်မှာ ဒီပုံက မန်းလေးမှာ ဒုတိယအကြိမ်တွေ့တုန်းက ရိုက်ထားတာ ဒီပုံကတော့ ပထမဆုံး ချစ်သူဖြစ်တဲ့နေ့က ရိုက်ထားတာ ကျွန်တော်တို့မှာ အမှတ်တရ ဖြစ်စရာအကောင်းဆုံးကတော့ ဒီလက်ကလေးတွေကို ရိုက်ထားတဲ့ ပုံလေးတွေပေါ့ တချို့ပုံလေးတွေကို အရမ်းလှတယ်လို့ သူငယ်ချင်းတွေကပြောကြတယ် တချို့ကတော့ မလှဘူး. ဒါပေမယ့် အမှတ်တရ ရိုက်ထားတာဆိုတော့ တစ်သက်တာ ထာဝရပေါ့။

Last Kiss

As i looked into Urs eyes I knew something was wrong And then U said goodbye We had been together too long U said you didn't feel for me The same way i did for U And after years of Ur love We are actually through I said U won't go U said U can't stay But would all end that day I told U how I would miss Each and every day And that was when we kissed And U turned and walked away . . .

သစ္စာတရား၏ စေရာဖြစ်သော အလွမ်း၏နေရာ

အတိတ်သည် အိမ်မက်ဆန်၏။ သို့မဟုတ် မရှိတော့သည်ကို ရှိသေးသယောင် အဖြစ် အိမ်မက် ပမာ လှည့်စားခြင်း ပင်ဖြစ်သည်။ ထို အတိတ်ကြောင့်ပင် သူသည် ၀မ်းနည်းရမည်လော ၀မ်းသာရည်လော မပြောတတ်ပေ။ သို့သော် ဆွတ်ပျံ့ကြည်နူးလွမ်းဆွတ် မိသည်ကိုမူ သူသိသည်။ တရံတခါတော့ ကြံကြံဖန်ဖန် တွေးမိသည်။ သေခြင်းတရား ဟူသည် မသိနိုင်သော အနာဂတ်ဆီသို့ သယ်ပို့ပေးခြင်းပင်ဖြစ်သည်။ ထို့အတူ သိခဲ့ပြီးသော အတိတ်ဆီသို့ သယ်ပို့ပေးနိုင်သော အရာရှိခဲ့ပါမူ ကောင်းမည်လောဟု...။ မှန်သည် ကောင်းများ ကောင်းမည်လောဟု သူပြောသည် ။ အဘယ်ကြောင့်မူ ကောင်းမည်ဟုလည်း အာမမခံနိုင် ဆိုးမည်ဟုလည်း မသိနိုင်သောကြောင့် ပင်။ အမှန်တော့ အတိတ်သို့လွမ်းဆွတ်ခြင်းဟူသည်မှာ ခံစားမှူပင် ဖြစ်သည်။စိတ်သို့ အစိုးမရခြင်းလည်းဖြစ်သည်။ တိမ်မရှင်းသော်လည်း သာသောလသည် ထိန်ထိန်လင်းစပြုလေပြီ...။သူသည် အနောက်လမ်းရိုးအတိုင်း လျှောက်လာနေ၏။ဆောင်းအကုန်နွေအကူးမို့ နွေဦးကလဲ မပီပြင်သေး။ချမ်းစိမ့်စိမ့်နိုင်ပင် နိုင်သေးတော့၏။ တလောကလုံး အိပ်မောကျနေချိန် တိတ်ဆိတ်လွန်းလှသောကြောင့် လရောင်သည်ပင် ဖြူလွှလွှ မှ ဖြူလျှော်လျှော် ရှိနေလေသည်။ ထိုတိတ်ဆိတ်သော ညကာလတွင် တခါတရံ ကြွေကျသော ရွက်ကြွေများ၏ အသံသာ ကြားရ၏။ တဖြေြးေ

အဖြစ်ချင်ဆုံးဆန္ဒ

ညီမငယ် ငှက်ကလေး တဂ်ထားလို့ပါ။ ကျွန်တော် ငယ်ငယ်ကတော့ စိတ်ကူးယဉ်ခဲ့တာတွေ အများကြီးပေါ့၊ လေယာဉ်ပျံကြီးမောင်းချင်တယ်၊ ဒါပေမယ့် ကျွန်တော့်ဘ၀ ကိုတော့ ငယ်ငယ်ကထဲက အရိုးသားဆုံး ရှင်သန်ခဲ့သူပါ ကျွန်တော်ဟာ အတန်းတိုင်းမှာ စာတော်တဲ့ နာမည်ကြီးကျောင်းသားထဲမှာ မပါဝင်ပေမယ့် အလယ်တန်းကနေ တက္ကသိုလ် ရောက်တဲ့အထိတော့ အမြဲတက်ကြွနေတဲ့ active ဖြစ်တဲ့. ခင်စရာကောင်းတယ်လို့ သူငယ်ချင်း တော်တော် များများက သတ်မှတ်ပေးကြပါတယ်။ ကျွန်တော့်မိသားစုဟာလည်း အချမ်းသာဆုံး စာရင်းမှာ မပါ ပေမယ့် ကိုယ့်အလုပ်နဲ့ကိုယ် ပုံမှန် လည်ပတ်နေတဲ့ အင်မတန်ပျော်စရာ ကောင်းတဲ့ မိသားစုပါ။ ကျွန်တော့အဖေဟာ အလွန်ခေါင်လှတဲ့ သရက်ကန်ဆိုတဲ့ ရွာလေးတစ်ရွာကပါ။ရွာနာမည်ကိုတော့ ကြားဖူးကြမှာပါ တောရွာလေးတစ်ရွာဆိုတော့ တောင်သူလယ်သမားမျိုးရိုးပေါ့။ပုံပြင်တွေ ၀တ္ထုတွေထဲကလိုတော့ မဆင်းရဲပါဘူး ရွာမှာဆို အဖေတို့ ပိုင်တဲ့ လယ်တွေဟာ လက်ညိုးထိုးမလွဲပေါ့လို့ ရွာကလူကြီးတွေက ပြောပြကြပါတယ်။ ဒါပေမယ့် ကိုယ့်ဒူးကိုယ်ချွန်ပြီး ထူးချွန်ချင်တဲ့အဖေဟာ ရွာမှာလယ်လုပ်ရတာကို မပျော်ပိုက်ခဲ့ပါဘူး။အဖေတို့ရွာဟာ ခေါင်လွန်းတဲ့အတွက် ကားကိုတောင်မှ တစ်ရက်ခရီးရှိတဲ့ မြို့ကိုသွားမှ မြင်ရတယ်တဲ့၊ဒါပေမယ့် အ

အချစ်ဆိုတာ မသီကုံးလဲ မွှေးနေအုံးမယ့်ခရေကုံးလေးတွေပါ

ကျွန်မကို ဒီလမ်းလေးထဲသို့နောက်တစ်ကြိမ်လျှောက်လှမ်းမိစေလိုက်သည်မှာ...ဘယ်အရာဖြစ်မလဲဆိုတာ ကျွန်မမခွဲခြားနိုင်ခဲ့၊ သစ်ရွက်ကြွေများက ၀င်ခါစနေရောင်အောက်မှာ ပြေးလွှားနေပုံကတစ်စုံတစ်ယောက်ကိုများလွမ်းစေချေင်ရော့သလား.... ဟိုးယခင်နှစ်များစွားကတော့.. မောင့်ရဲ့လက်ကိုတွဲရင်း ဒီလမ်းလေးထဲမှာ ကျွန်မတို့လမ်းလျှောက်နေကြပေါ့... အခုတော့... သစ်ရွက်ကြွေလေးတွေသာ စကားတတ်မယ်ဆိုရင်...သူတို့တွေ မောင့်ကိုတော့ မေးကြပေလိမ့်မည် ဖြစ်နိုင်မယ်ဆိုရင် အိမ်မက်များသာဖြစ်လိုင်ချင်ဧ။်.. သူဆိုပြခဲ့ဖူးတဲ့ သီချင်းလေးတွေနဲ့ ကဗျာလေးတွေကို လွမ်းမိတာကျွန်မအပြစ်များဖြစ်နေပြီးလားမသိ..အားလုံးကိုလိမ်ညာလို့ရနိုင်ခဲ့ပေမယ့်.. ငါ့ကိုယ်ငါလိမ်ညာလို့မရခဲ့တာ အစောကတည်းကငါသိခဲ့သင့်တာပေါ့ မောင်ရယ်..နော် ကဲငါပြန်တော့မယ်မောင်.. အို .... ပြန်လို့ဘယ်ဖြစ်အုံးမလဲ ဒီလမ်းလေးထဲက အလှဆုံး ဧကရာဇ်ပင်ကြီးရဲ့ ပင်စည်မှာ ငါ့မွေးနေ့အမှတ်တရ နင်ထွင်းပေးခဲ့တဲ့ ငါ့နာမည်လေး စာသုံးလုံးကိုတော့ နောက်ဆုံးအနေနဲ့ ငါကြည့်ချင်သေးတယ်... နှစ်တွေကြာလို့ ဟောင်းသွားတဲ့စာလုံးလေးတွေက.. ကျောက်ဖြစ်သွားတဲ့ ကျွန်မနှလုံးသားနဲ့ပင် တူလျှော့ထင်သည်.. ကဲအခုတော့ ဒီလမ်းလေးထဲကနေ ကျွန်မတ

True Love

တစ်ခါတုန်းက Moses (မိုးစစ်) ဆိုတဲ့လူတစ်ယောက်ရှိသတဲ့။ ဒီလူဟာ အရမ်းရုပ်ဆိုးတယ်၊ ပုပုတိုက်တိုက် အရပ်နဲ့ ခါးက ကုန်းသေးသတဲ့၊ တစ်ရက်မှာ သူဟာ ဟန်ဘက်(ခ်)မြို့က ကုန်သည်ကြီးတစ်ဦးအိမ် အလည်ရောက်တယ်၊ အဲ့ဒီကုန်သည်ကြီးမှာ အင်မတန် ချောမောလှပတဲ့ သမီး Frumje (ဖရွန်ဂျေ)ကို မိုးစစ် ကဘယ်လိုမှမျှော်လင့်လို့ မရနိုင်ပေမယ့် ချစ်မိသတဲ့၊ အဲ့ဒါ ဒီ မိုးစစ် ရဲ့ အချိုးမကျန အရုပ်ဆိုးတဲ့ ရုပ်နဲ့မို့ ပြင်းပြင်းထန်ထန် ငြင်းဆန်တာပေါ့ သူက ကောင်မလေးကို ခွဲခွာခါနီးမှာ သတ္တိတွေမွေး.. နောက်ဆုံး အခွင့်အရေးတစ်ခုအနေနဲ့ စကားပြောဖို့ လှေကားက တက်သွားသတဲ့ ..... နတ်သမီးလေးလို မဟာဆန်တဲ့ အချောအလှက ငြင်းတာပေါ့၊ မိုးစစ် ကို ကြည့်တောင်မကြည့်ဘူးတဲ့၊ မိုးစစ်က ရှက်ရှက်နဲ့မေးတယ် ကောင်းကင်ဘုံမှ လက်ထပ်ပွဲတွေ လုပ်ကြတယ် ဆိုတာ မင်းယုံလားတဲ့၊ ကောင်မလေးက လည်းယုံတယ်ပေါ့၊ လူငယ်တစ်ယောက်ကို နတ်မင်းကြီးက မေးတယ်၊ ဘယ်မိန်းကလေးကို မင်းလက်ထပ်မလဲ ဆိုတော့ လူငယ်က ကျွန်တော်မွေးကတည်းက ကျွန်တော့်မှာ ဖူးစာရှင် မိန်းကလေးရှိနေပါပြီတဲ့၊အဲ့ဒီတော့ နတ်မင်းကြီးက ပြောတယ် ဒါပေမယ့် မင်းဇနီးဖြစ်မယ့် မိန်းကလေးက ခါးကုန်းကြီးဖြစ်လိမ့်မယ်တဲ့..၊ လူငယ်လေးက ပြန်ပြောတယ်။ ကောင်းပါ

မူလတန်းကျောင်းသားဘဝ

Image
မူလတန်းကျောင်း လေးပါ။ ရှမ်းပြည်နယ်က တောရွာလေးတစ်ရွာမှာ တည်ရှိပါတယ်။ စိန်ပန်းတွေ ဝေနေအောင် ပွင့်တဲ့ ရာသီမှာ ကျွန်တော် ဒီကျောင်းလေးကို ရောက်ခဲ့ပါတယ်။ ဒီကျောင်းလေးရှေ့ကိုရောက်တော့ ကျွန်တော့် စိတ်တွေ ဟိုးငယ်ဘ၀ဆီကို ရွက်လွင့်မိတယ်။ ကျွန်တော်တို့တွေဟာ များသာအားဖြင့် အထက်တန်းကျောင်းတွေ တက္ကသိုလ်ကြီးတွေကိုသာ မတက်ဖူးရင်နေမယ် ငယ်ဘ၀မှာတုန်းကတော့ ကျောင်းရှိတဲ့နေရာမှာ နေတဲ့သူတိုင်း မူလတန်းကျောင်းလေးကို တော့ တက်ဖူးကြမှာပါ။ ဒီကျောင်းလေးကို မြင်ရတော့ ဦးစွာပထမ ဖြူစင်မှူကို ပြန်ခံစား ရတယ်။ မူလတန်းကျောင်းလေးမှာ လူတန်းစားခွဲခြားမှူတွေ ဆင်းရဲချမ်းသာခွဲခြားမှူတွေ အသားရောင်ခွဲခြားမှူတွေ မရှိဘူးလေ။ ဘယ်သူကဆင်းရဲပြီး ဘယ်သူကချမ်းသာတယ်ဆိုတာ တကယ်ကိုမတွေးဖြစ်ကြပါဘူး။ အသက်ကြီးလာမှသာ သြော်သူကတော့ ငယ်ငယ်ကထဲက ချမ်းသာပြီး သူကတော့ ငယ်ငယ်ကထဲက ဆင်းရဲတာပါလားလို့သိလာတယ်။ ငယ်တုန်းကတော့ အရောင်တွေမစွန်းထင်းသေးဘူးပေါ့။ အခုတော့ ဟိုးငယ်ငယ်မူလတန်းတက်ခဲ့ တုန်းကခင်ခဲ့တဲ့သူငယ်ချင်းတွေဟာ တစ်ယောက်တကွဲစီဖြစ်လို့ပေါ့။ တချို့က နိုင်ငံရပ်ခြားမှာ တချို့ က ဒီမှာပဲ အရမ်းချမ်းသာတဲ့ဘ၀တွေပိုင်ဆိုင်လို့ တချို့ကတော့ ဆရာတွေဆရာမတွေ ပြန်ဖြစ်လို