Posts

Showing posts from 2010

ကျွန်တော်နှင့်အိမ်ထောင်ရေး

မေကျော်က တဂ်ထားတဲ့ပို့စ်လေးကို ပြန်ရေးပေးထားတာပါ။ ဒီတဂ်လေးဟာ ကျွန်တော်နဲ့တော့ တိုက်ရိုက် ပက်သက်မှူရှိတဲ့ ပို့စ်လေးမို့လို့ လေးလေးနက်နက် စဉ်းစားပြီးရေးလိုက်ပါတယ်။ အိမ်ထောင်ရေး ဆိုတာ စာသုံးလုံးထဲပေမယ့် တွေးလေလေ ကျယ်ပြန့်လေပါ။ အတွေးနက်နက် အရေးခက်၏။ ဆိုသလိုမျိုးပါပဲ။ အိမ်ထောင်တစ်ခုမှာ စတင်မြစ်ဖျားခံ စီးဆင်းရာက အချစ်ဖြစ်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်နဲ့ ချစ်သူတို့ စတင်တွေ့ခဲ့တုန်းက တစ်ယောက်အကြောင်းလဲ တစ်ယောက်မသိ၊ ဘာဆိုဘာမှ သေသေချာချာမသိသေးခင်မှာပဲ ချစ်ခဲ့မိကြတယ်။ ဒါကို အချစ်စစ်လို့ ပြောရင် ကိုယ်လိုရာ ကိုယ်ဆွဲတွေးသလို မျိုး ဖြစ်နေမလားတော့မသိဘူးပေါ့လေ။ ဒါပေမယ့် စဉ်းစားကြည့်နော်။ သူ့ရဲ့ ပိုင်ဆိုင်မှူတွေ ကိုယ့်ရဲ့ ပိုင်ဆိုင်မှူတွေ နှစ်ဖက်မိဘအခြေအနေတွေ ပညာရေးတွေ စီးပွားရေးတွေ ဘာတွေကိုမှ မစဉ်းစားပဲ ချစ်မိကြတဲ့ အချစ်ဟာ မျက်ကန်းအချစ်လို့ ပြောကြမယ်ဆိုရင်လဲ ငြင်းစရာ စကားလုံး ကျွန်တော့်မှာ မရှိပါဘူး။ မှန်တယ်လို့ မပြောနိုင်သလို မှားတယ်လို့လဲ ပြောဖို့ခက်တဲ့ အခြေအနေပါ။ ဒါပေမယ့် ကံကောင်းစွာနဲ့ ပဲ ကျွန်တော်တို့ နှစ်ယောက်ရဲ့ အခြေအနေဟာ သိပ်မကွာခြားခဲ့ပါဘူး။ ကျွန်တော့်ထက် အသက်နဲနဲ ငယ်တဲ့ သူ့ကို ကျွန်တော်လိုချင