ကျွန်တော်နှင့်အိမ်ထောင်ရေး

မေကျော်က တဂ်ထားတဲ့ပို့စ်လေးကို ပြန်ရေးပေးထားတာပါ။ ဒီတဂ်လေးဟာ ကျွန်တော်နဲ့တော့ တိုက်ရိုက် ပက်သက်မှူရှိတဲ့ ပို့စ်လေးမို့လို့ လေးလေးနက်နက် စဉ်းစားပြီးရေးလိုက်ပါတယ်။
အိမ်ထောင်ရေး ဆိုတာ စာသုံးလုံးထဲပေမယ့် တွေးလေလေ ကျယ်ပြန့်လေပါ။ အတွေးနက်နက် အရေးခက်၏။ ဆိုသလိုမျိုးပါပဲ။ အိမ်ထောင်တစ်ခုမှာ စတင်မြစ်ဖျားခံ စီးဆင်းရာက အချစ်ဖြစ်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်နဲ့ ချစ်သူတို့ စတင်တွေ့ခဲ့တုန်းက တစ်ယောက်အကြောင်းလဲ တစ်ယောက်မသိ၊ ဘာဆိုဘာမှ သေသေချာချာမသိသေးခင်မှာပဲ ချစ်ခဲ့မိကြတယ်။ ဒါကို အချစ်စစ်လို့ ပြောရင် ကိုယ်လိုရာ ကိုယ်ဆွဲတွေးသလို မျိုး ဖြစ်နေမလားတော့မသိဘူးပေါ့လေ။ ဒါပေမယ့် စဉ်းစားကြည့်နော်။ သူ့ရဲ့ ပိုင်ဆိုင်မှူတွေ ကိုယ့်ရဲ့ ပိုင်ဆိုင်မှူတွေ နှစ်ဖက်မိဘအခြေအနေတွေ ပညာရေးတွေ စီးပွားရေးတွေ ဘာတွေကိုမှ မစဉ်းစားပဲ ချစ်မိကြတဲ့ အချစ်ဟာ မျက်ကန်းအချစ်လို့ ပြောကြမယ်ဆိုရင်လဲ ငြင်းစရာ စကားလုံး ကျွန်တော့်မှာ မရှိပါဘူး။ မှန်တယ်လို့ မပြောနိုင်သလို မှားတယ်လို့လဲ ပြောဖို့ခက်တဲ့ အခြေအနေပါ။ ဒါပေမယ့် ကံကောင်းစွာနဲ့ ပဲ ကျွန်တော်တို့ နှစ်ယောက်ရဲ့ အခြေအနေဟာ သိပ်မကွာခြားခဲ့ပါဘူး။ ကျွန်တော့်ထက် အသက်နဲနဲ ငယ်တဲ့ သူ့ကို ကျွန်တော်လိုချင်တဲ့ ပုံစံမျိုးဖြစ်အောင် သိမ်းသွင်းယူဖို့ စိတ်ရှည်ရတာတစ်ခုလေးပါပဲ။ အချစ်စစ်တို့ရဲ့ လမ်းဟာ အဖြောင့်ဖြူးဘူးလို့ ကြားဖူးပေမယ့် ချစ်သူသက်တမ်း 3နှစ်ပြည့်ပြီး ဒီနေ့ လက်ထပ်ဖို့ 10 ရက်အလို အချိန်အထိ အားလုံးဟာ အဆင်ပြေ ချောမွေ့နေပါတယ်။ ကျွန်တော်တို့ နှစ်ယောက်ကြားမှာ ရှိခဲ့တဲ့ အခက်အခဲဆိုတာကတော့ အချိန်ကြာမြင့်စွာ မတွေ့ရတာပါပဲ။ 3လမှာ တစ်ခါလောက်ပဲတွေ့ရပါတယ်။ ချစ်ခဲ့ကြပြီး ကျန်တာတွေကတော့ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ကံကြမ္မာပါပဲ။ ကံကောင်းတယ်လို့ အားလုံးကပြောကြပါတယ်။ ပထမဦးဆုံး နှစ်ဖက်မိဘကို အသိပေး ပြီး လူကြီးခြင်း လေ့လာကြတော့လဲ တစ်ဦးနဲ့ တစ်ဦး ကျေနပ်မှူရှိကြသလို။ ငြင်းပယ်ရမယ့် အနေအထား မရှိတဲ့အတွက်။ လူကြီးခြင်း စကားပြောဆိုကြပြီး 6.10.2009 မှာစေ့စပ်ခဲ့ကြပါတယ်။ တိုက်ဆိုင်မှူတစ်ခုကတော့ ကျွန်တော်တို့ချစ်သူဖြစ်တာလဲ တစ်ခုသော လရဲ့ 6ရက်နေ့မှာပါပဲ။ နောက် 3လ အကြာ 28.1.1010 မှာလက်ထပ်မယ့် လက်ထပ်မင်္ဂလာဧည့်ခံပွဲဆီသို့ ပြင်ဆင်စရာတွေကို ပြင်ဆင်ရင်းနဲ့ ကျွန်တော်တို့နှစ်ယောက်ကြားမှာ ရှိခဲ့တဲ့ ချစ်ခင်မှူလေးတွေကို ကျွန်တော့်သူငယ်ချင်း ညီအကိုမောင်နှမတွေ ၀မ်းသာဖို့ရေးလိုက်ရတာပါ။
နောက်ပိုင်း ကျွန်တော်အိမ်ထောင်ကျသွားပြီးမှပဲ ဒီပို့စ်ကို ဆက်ရေးပါဦးမယ်။ အဲ့ဒါကမှ တကယ့်အိမ်ထောင်ရေး အကြောင်းတွေ ဖြစ်လာမှာလားဆိုတာ.....

Comments

အိမ်ထောင်ရေး အတွေ့ကြုံများ ဆက်လက် နားဆင်နေပါ့မယ်။
ပျော်ရွှင်စွာနဲ့ ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးလေး ဖြစ်ပါစေလို့ ဆုမွန်းကောင်းတောင်းရင်း ..
ချစ်သူနှစ်ဦး အိုအောင်မင်းအောင် ပေါင်းရပါစေရှင်။
ဒါနဲ့ ဘယ်မှာဆောင်မှာလဲ ကိုဖြိုး။
မြန်မာပြည်မှာရှိလို့ကတော့ ကြိုးလာတားတယ် ဟီး။
ဓာတ်ပုံလေးတွေ တင်နော်။ ကြည့်ရင်း ငေးရအောင်ပေါ့လေ.....။
ခင်မင်လေးစားလျှက်ပါ။
PhyoPhyo said…
အိမ်ထောင်ရေးဆိုလို့ အဟုတ်လားလို့ .. ခုမှ စေ့စပ်တုန်းပဲ ရှိသေးတယ် .. ဘေဘီလေး ၃ ယောက်လောက်ရမှ ရေးပါလား .. :) ခင်မင်စွာဖြင့်
လာဖတ်သွားပါတယ်။
မေလေး said…
ဓါတ်ပုံတင်လေဟာ
ဆက်ရေးတော့
ခုလောက်ဆို နင်ရေးလို့ရပီ

Popular posts from this blog

မူလတန်းကျောင်းသားဘဝ

အဖြစ်ချင်ဆုံးဆန္ဒ

မိတ်ဆွေကောင်း အင်္ဂါ ခုနှစ်ပါး