သူ

ရင်မှာတမ်းတ
မေ့မရလို့
တွေ့ဖို့ရည်စူး
စိတ်တွေကူးလဲ
မဆုံချင်သူကရှောင်ပုန်း
အဆုံးမှာတော့
အရှူံးတွေနဲ့လူသားဟာငါပါ

တွေဝေငေးမော
ဒီအလွမ်းတောထဲ
ရမ်းရော်မှန်းစ
လွမ်းရပေမယ့်
ဘယ်တော့မှ မှားတယ်လို့
ဝန်မခံဘူး

ချစ်သူမရှိတဲ့ အနာဂတ်မှာ
ငါမပါတဲ့ ပစ္စုပ္ပန် နဲ့
တို့နှစ်ယောက်ရှိခဲ့ဖူးတဲ့ အတိတ်ကိုတမ်းတနေမှာပါ။


Comments

chitpalone said…
ဘာဆက်ပြောရမှန်းတောင်မသိတော့ပါဘူး။ ကဗျာလေးထဲက တော့ ခံစားချက်က အပြည့်ပဲ။ တွေဝေငေးမော ဒီအလွမ်းတောထဲ ရမ်းရော်မှန်းစ လွမ်းရပေမယ့် ဘယ်တော့မှ မှားတယ်လို့ ၀န်မခံဘူး။ ဆိုတဲ့ စာသားလေးကို အရမ်းကြိုက်မိပါတယ်။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး
မေလေး said…
သူငယ်ချင်း
ကဗျာလေးကကောင်းပါတယ်။ ယောင်္ကျားပီသသောယောင်္ကျားကောင်းတစ်ယောက်ဖြစ်နိုင်ပါစေနော်။
ကဗျာလေး လှတယ်ဗျာ...
ငါမပါတဲ့ ပစ္စုပ္ပန် ကို ဆိုတဲ.နေရာမှာ
မင်းမပါတဲ့ ပစ္စုပ္ပန် ကို ဆိုရင်
ပိုလှမယ်လို ခံစားရတယ်ဗျာ...
အားပေးလျက်...
kaungkinpyar said…
တွေဝေငေးမော
ဒီအလွမ်းတောထဲ
ရမ်းရော်မှန်းစ
လွမ်းရပေမယ့်
ဘယ်တော့မှ မှားတယ်လို့
ဝန်မခံဘူး

အကြိုက်ဆုံးစာလေးတွေပဲ၊ ကောင်းတယ်
ခံစားချက်အပြည့် ကဗျာလေးကို ခံစားဖတ်သွားပါတယ်။
Anonymous said…
ကဗျာလေး လှတယ်ဗျာ။ လူတိုင်းမှာတော့ လွယ်လွယ်မေ့ပစ်ဖို့ ခက်တဲ့ လွမ်းဆွေးဖွယ် အတိတ်တွေ ရှိခဲ့ကြလေတော့ တမ်းတ နေရဦးမှာပါပဲ။
Unknown said…
နင်ရှိခဲ့တဲ့ အတိတ်ကို ပျော်ရွှင်စွာ လွမ်းဆွတ်နေခဲ့ဖူးတယ် ...

ပစ္စုပ္ပန်မှာ နင် မရှိတော့ပေမဲ့ နင့်အရိပ်တွေကို ရင်ခုန်တမ်းတနေတုန်းပဲ ...

ငါ့အနာဂတ်အတွက်တော့ နင်ဆိုတာ ငယ်စဉ်က ရရှိခဲ့တဲ့ အမှတ်ရစရာ ထူးချွန်ဆုတခုပါပဲ

Popular posts from this blog

အဖြစ်ချင်ဆုံးဆန္ဒ

မူလတန်းကျောင်းသားဘဝ

မိတ်ဆွေကောင်း အင်္ဂါ ခုနှစ်ပါး