ကမ္ဘာဦးကျမ်း

ကောင်မလေးရေ
ဆုတောင်းမှားခဲ့တဲ့ နင်နဲ့ငါက
စာအုပ်တစ်အုပ်စီရဲ့
ကျောခြင်းကပ် စာမျက်နှာ နှစ်ဖက်လာဖြစ်နေတယ်

ကောင်မလေးရေ
မှုံရီအုံ့မှိုင်းနေတဲ့ ငါတို့ကံကြမ္မာကြောင့်
နင်ဟာ ငါ့အိမ်မက်မှာ
လာပွင့်တဲ့ ပန်းဖြစ်နေတယ်

ဒါပေမယ့်
ကောင်မလေးရေ
ဒီပုံပြင်ကို ဆုံးအောင်
ငါတို့ပြောကြတုန်းကတော့
နင့်အသဲနှလုံးက ပြုံးလို့ပေါ့

တကယ်တော့
နင်ရင်ဘတ်က ငါ့ကိုချစ်တယ်ဆိုတဲ့အချစ်က
ငါမဖတ်တတ်တဲ့ ကျမ်းတစ်စောင်ပါ
ကံဆိုးမိုးမှောင်ကျစေခဲ့တဲ့
နတ်ဆိုးတွေကို မုန်းတယ်။

တကယ်လို့များ
စွယ်တော်တွေ ပွင့်ရင်
နင်ငါ့ကို ပြန်ချစ်လို့ရမလား ကောင်မလေးရယ်

Comments

ဟင် ကောင်မလေးက ချစ်ပြီးပီ မလား ကိုပြည့်ဖြိုးရဲ့ ဟုတ်ဘူးလား လို့
ကဗျာလေး ကြိုက်ပါတယ်
အဆင်ပြေ ပျော်ရွှင်ပါစေ
ကျောချင်းကပ်စာမျက်နှာကနေ မျက်နှာချင်းဆိုင် ဖြစ်လာပါစေနော် ..း))
emayarKhin said…
အင်း....တော်တော်ကောင်းတဲ့
ရည်းစားစာပါလား....ကောင်မလေးပြန်ချစ်မှာ
သေချာပါတယ်....
Unknown said…
what a nice poem !
i think she will love u when ....
စာအုပ်တစ်အုပ်စီရဲ့
ကျောခြင်းကပ် စာမျက်နှာ နှစ်ဖက်လာဖြစ်နေတယ်

အဲဒါလေးကို ကြိုက်တယ်
Anonymous said…
ကျွန်မလည်း ကျောချင်းကပ်ဆိုတာကို ကြိုက်တယ်။
အဆင်ပြေပါစေ။
ကဗျာလေးက မိုက်တယ်။
ပန်းရင့်ရောင်
www.panyink.blog.co.uk
မေလေး said…
ခုမှချစ်မလားမေးတုန်းလားဟ
မယုံးP
Unknown said…
အင်း

တခုခု တော့ တခုခုပဲ ..... :P

ကဗျာလေး အရမ်းကောင်းပါတယ် ..
စွယ်တော်တွေပွင့်ရင် နှစ်ယောက်ပေါင်းတစ်ဘဝပေါ့နော်....

Popular posts from this blog

မူလတန်းကျောင်းသားဘဝ

အဖြစ်ချင်ဆုံးဆန္ဒ

အမှတ်တရ