အရင်တုန်းက

ဒီနေရာကို တစ်ခေါက်
ကျွန်တော်ရောက်ခဲ့ပြီ။
အရင်တုန်းက ကျွန်တော်ခူးခဲ့ဖူးသော
ကြာဖူးတို့သည်လည်း
အခုတော့ မတွေ့ရတော့...
အရင်တုန်းက ကျွန်တော်မြင်ခဲ့ရသော
ရွှေငါးကလေးများသည်လည်း
အခုတော့ မတွေ့ရတော့....
ဒီရေကန်နဘေးမှာပဲ
အရင်တုန်းက ကျွန်တော်ရွတ်ခဲ့ဖူးသော
ကဗျာတို့၏ အသံသည်လည်း
အခုတော့ မကြားရတော့...
အရင်တုန်းက ကျွန်တော်လွှတ်ခဲ့သော
စက္ကူလှေလေးသည်လည်း
အခုတော့ ဘယ်ဆီကိုများ ရွက်လွင့်နေပြီကော...
အရင်တုန်းက ကျွန်တော်ရေးခဲ့ဖူးသော
သောင်ပေါ်က အရုပ်ကလေးသည်လည်း
အခုတော့ ...
ဘယ်ဆီကိုများ လမ်းလျှောက်ထွက်သွားပါလိမ့်...
သို့သော်လည်း
အခုတော့
ကျွန်တော့်လက်နဲ့ ပျိုးခဲ့သော
စွယ်တော်ရုံသည်သာ
သူ့ရင်ဘတ်ကိုဖွင့်၍
ကျွန်ုပ်၏ အပြန်လမ်းတွင်
ကြိုသူတစ်ဦး အဖြစ်ရှိနေပေတော့သည်။

Comments

အရင်တုံးက ငါဟာ တယောက်တည်း အခုလဲ တယောက်တည်း ဟဲဟဲ စ တာ ဟိဟိ ရောက်တယ်နော ဖတ်တယ်နော် ဘိုင်
Unknown said…
ကြာဖူးလေးကော ရွှေငါးလေးကော .. မရှိတော့ဘူး

နွေရောက်လို့ ရေခမ်းခြောက်သွားတာကိုးးး

မိုးပေါက်လို့ ရေကြည်လာတဲ့အခါ စက္ကူလှေလေးလွှတ်ဖို့ စွယ်တော်ရွက်လေးနဲ့ အတူ လာခဲ့ပါ ...

ကြာပွင့်တင့်တယ် ရွှေငါးဝင့်ထယ်စွာနဲ့ ကဗျာရွတ်ရင်း စောင့်မျှော်နေမှာ

Popular posts from this blog

မူလတန်းကျောင်းသားဘဝ

အဖြစ်ချင်ဆုံးဆန္ဒ

အမှတ်တရ