အချစ်ဆိုတာ မသီကုံးလဲ မွှေးနေအုံးမယ့်ခရေကုံးလေးတွေပါ

ကျွန်မကို ဒီလမ်းလေးထဲသို့နောက်တစ်ကြိမ်လျှောက်လှမ်းမိစေလိုက်သည်မှာ...ဘယ်အရာဖြစ်မလဲဆိုတာ ကျွန်မမခွဲခြားနိုင်ခဲ့၊ သစ်ရွက်ကြွေများက ၀င်ခါစနေရောင်အောက်မှာ ပြေးလွှားနေပုံကတစ်စုံတစ်ယောက်ကိုများလွမ်းစေချေင်ရော့သလား....

ဟိုးယခင်နှစ်များစွားကတော့.. မောင့်ရဲ့လက်ကိုတွဲရင်း ဒီလမ်းလေးထဲမှာ ကျွန်မတို့လမ်းလျှောက်နေကြပေါ့... အခုတော့... သစ်ရွက်ကြွေလေးတွေသာ စကားတတ်မယ်ဆိုရင်...သူတို့တွေ မောင့်ကိုတော့ မေးကြပေလိမ့်မည် ဖြစ်နိုင်မယ်ဆိုရင် အိမ်မက်များသာဖြစ်လိုင်ချင်ဧ။်.. သူဆိုပြခဲ့ဖူးတဲ့ သီချင်းလေးတွေနဲ့ ကဗျာလေးတွေကို လွမ်းမိတာကျွန်မအပြစ်များဖြစ်နေပြီးလားမသိ..အားလုံးကိုလိမ်ညာလို့ရနိုင်ခဲ့ပေမယ့်.. ငါ့ကိုယ်ငါလိမ်ညာလို့မရခဲ့တာ အစောကတည်းကငါသိခဲ့သင့်တာပေါ့ မောင်ရယ်..နော် ကဲငါပြန်တော့မယ်မောင်.. အို .... ပြန်လို့ဘယ်ဖြစ်အုံးမလဲ ဒီလမ်းလေးထဲက အလှဆုံး ဧကရာဇ်ပင်ကြီးရဲ့ ပင်စည်မှာ ငါ့မွေးနေ့အမှတ်တရ နင်ထွင်းပေးခဲ့တဲ့ ငါ့နာမည်လေး စာသုံးလုံးကိုတော့ နောက်ဆုံးအနေနဲ့ ငါကြည့်ချင်သေးတယ်... နှစ်တွေကြာလို့ ဟောင်းသွားတဲ့စာလုံးလေးတွေက.. ကျောက်ဖြစ်သွားတဲ့ ကျွန်မနှလုံးသားနဲ့ပင် တူလျှော့ထင်သည်.. ကဲအခုတော့ ဒီလမ်းလေးထဲကနေ ကျွန်မတကယ် ပြန်ရမယ့်အချိန်က ရောက်လာခဲ့ပြီပေါ့လေ..အင်းလေး..လိုက်ဘရီဘေးက ခရေပင်ကြီးအောက်လဲ ကျွန်မကသွားချင်သေးတာကိုး....

"ညနေခင်းနေဟာ အကျမြန်သလို..ညနေချိန်တွေဟာလည်း အကုန်မြန်လွန်းတယ်တဲ့ " နင်ပြောခဲ့တဲ့စကားလေးပါ.. အခုတော့ ညနေခင်းနေလို နင်ငါ့ဘ၀ထဲက ပျောက်ကွယ်သွားခဲ့တာ လဲကြာခဲ့ပြီပေါ့.. ဘယ်နေရာကိုပဲသွားသွား နင့်အရိပ်တွေပဲ မြင်ယောင်နေမိတယ် မောင်ရယ်...အင်းလေး... တကယ်တော့ ... မန်းလေးတက္ကသိုလ်ဆိုတာ ကလည်း ငါတို့ကျောင်းတက်ခဲ့တဲ့လေးနှစ်လုံး.. အတူရှိခဲ့ကြတဲ့ နေရာပဲမဟုတ်လား.. တစ်မြို့စီကနေ ကျောင်းလာတက်ကြတဲ့ ငါတို့နှစ်ယောက်အတွက်တော့... မိန်းဟာ စာအတူကျက်ဖို့... ထမင်းအတူစားဖို့နဲ့..သူငယ်ချင်းတွေနဲ့အတူ စက်ဘီးစီးကြဖို့ နေရာလေးပဲလေ...

ရွှေမန်းဆောင် ရှေ့ကနေ ငွေစာရင်းဘက်ကို သွားတဲ့လမ်းလေးကို ချိုးကွေ့လိုက်တော့ ကျွန်မတို့ထိုင်နေကြ ခရေပန်းခူးနေကြ ခရေပင်ကြီးအောက်မှာ လူတစ်ယောက်ရဲ့ပုံစံကိုမြင်လိုက်ရတော့.. ပထမ ကျွန်မစိတ်တိုသွားမိသည် နောက်တော့မှ...ဒီနေရာဟာ လူတိုင်းလာလို့ရတဲ့နေရာပါလား ဆိုတဲ့အသိနဲ့ ဆက်လျှောက်သွားလိုက်တယ်.. "ခရေပန်းသွားခူးရအောင်မောင်..နော်"လို့ကျွန်မပြောတိုင်း.. သူငယ်ချင်းတွေက ရီကြသည်..ခရေပန်းဆိုတာ ကောက်ရတာတဲ့ ခူးရတဲ့ပန်းမဟုတ်ဖူးတဲ့..သို့ပေမယ့် .... ကြွေပြီးသားပန်းတွေကိုမကြိုက်တဲ့ ကျွန်မအတွက် အပင်ပေါ်တက်ပြီး ခရေပန်းခူးပေးနေကြ ကျွန်မချစ်သူကို ကျွန်မလွမ်းသည်..နင်ခူးပေးခဲ့တဲ့ ခရေပန်းခြောက်လေးတွေ အခုထိ ငါ့ပေပါ(1)စာအုပ်ထဲမှာ မွှေးပျံ့တုန်းဆို နင်ယုံမလားမောင်...

ဘယ်သူပဲရှိနေရှိနေ..အလွမ်းပြေအဖြစ်ခဏတော့ ခရေပင်ကြီးအောက်ကို ၀င်ချင်သေးတဲ့ဆန္ဒကြောင့် ဆက်လျှောက် ခဲ့မိသည်..တော်တော်နီးတဲ့နေရာ ရောက်လာတော့မှ စောစောက ပုံရိပ်ကိုသေချာကြည့်မိတော့..မတ်မတ်ရပ်ဖို့ပင် ကျွန်မမစွမ်းသာတော့..

ကျွန်မရဲ့ မျက်စိကိုလည်း မယုံနိုင်ဖြစ်ရသည်.. အဖြူခံပေါ်မှာ ခရမ်းရောင် အစင်းလေးတွေပါတဲ့ အကျီလက်ရှည်နဲ့ ကချင်ပုဆိုး အနက်ရေင်ကို ၀တ်ဆင်ထားသည့် မောင်...ပါ။မောင်ရယ်.... နင်လဲ ငါ့ကိုလွမ်းလို့များ ဒီခရေပင်ကြီးအောက်ကို ရောက်ခဲ့တာလား..ငါစိတ်ကူယဉ်လိုက်မယ်နော်.. မောင်ကတော့ ကျွန်မကို မတွေ့မမြင်သေးပေ. အရင်တုန်းကလိုများ ကဗျာလေးတွေစပ်ဖို့ စိတ်ကူးနေတာလား မောင်.. ခဏနေတော့. တကယ်ကိုခဏလေးပါ..ကျွန်မရှိရာ ဘက်ကိုလှည့်မိလို့ ကျွန်မကိုမြင်လိုက်ရတဲ့ မောင့်မျက်လုံးတွေမှာ.. အလင်းရောင် တစ်စက်ကိုကျွန်မမြင်လိုက်ချင်သည်..သို့သော်. ဘယ်လိုမှ မထင်ရအောင် မောင်ကတည်ငြိမ်လွန်းနေဧ။် အမှတ်တမဲ့မို့ထင်သည်. ကျွန်မဘက်ကို မောင်ရမ်းယောင်ပြီး ခြေလှမ်းနှစ်လှမ်းခန့် လျှောက်လာခဲ့သေးသည်.. သို့သော် နှစ်လှမ်းမပြည့်ခင်မှာပဲ ရုတ်တရက်ရပ်တန့်ပြီး လိုက်လေသည်. နင်တစ်ခုခုကို များဆုံးဖြတ်လိုက်တာလား မောင် အင်းလေအခုချိန်က နင်ဆုံးဖြတ်မယ်ဆိုလဲငါနာခံရမယ့် အချိန်ပါမောင်ရယ်... လွန်ခဲ့တဲ့ ငါးနှစ်ကဆုံးဖြတ်ချက်အမှား တစ်ခုကို ငါကချခဲ့မိသူကိုး..." ...." ဆိုတဲ့ နင်ခေါ်နေကြ တစ်လုံးထဲသော ငါ့နာမည်ကို တိုးတိုးလေး နင်ခေါ်လိုက်သံကို တော့ ငါကြားလိုက်မိသလိုပင်..ဟုတ်တယ် မောင်..နင့်နုတ်ခမ်းတွေစကား တစ်ခွန်းစာလှုပ်သွားတာ ငါမြင်ရတာပေါ့. ပြီးတော့ ငါ့ရဲ့အခြားတစ်ဖက်ကို နင်လျှောက်သွားခဲ့ပြီ..ဘာပဲဖြစ်ဖြစ် "မောင်"လို့နင့်ကိုငါခေါ်လိုက်ဖို့ကောင်းတယ်နော် အင်းလေနောင်တဆိုတာငါ့အတွက်တော့ မထူးဆန်းတော့သလိုဖြစ်နေပါပြီလေ..

ငါ့ဆီကို နင်ဆက်လှမ်းခဲ့ဖို့ နင့်ခြေလှမ်းတွေကို ငါလိုချင်လိုက်တာမောင်ရယ်.. ဒီအတွေးကို နင်သိများသိရင်.. ရီလေးမလားဟင်.."မင်းရွေးတဲ့လမ်းကိုမင်းဆက်လျှောက်ရမှာပေါ့.."..."ရယ်လို့များနင်ပြောလေမလား... ဟုတ်ပါတယ်မောင်..ငါ့ကိုသာကျောခိုင်းခဲ့ပါတော့..

ကျွန်မရွေးခြယ်ခဲ့သော လမ်းဧ။် အခြားတစ်ဖက်ကို ကျွန်မဆုံးအောင် လျှောက်ရအုံးမည်လေ..

Comments

မွန် said…
ခေါင်းစဉ်လေးကစပြီး ရင်ထဲထိတာပဲ တကယ်
အချစ်ကို သိမ်သိမ်မွေ့မွေ့လေး ဖွဲ့ပြသွားတာ
တကယ်ပဲ အပင်ပေါ်က ခရေမှ ကြိုက်တာလား
မွန်ကတော့ ကြွေတာကိုပဲ သဘောကျနေမိတာ
အမလေးကိုယ်တော်ေ၇ အခုမှပေးလို့၇တာလား ဖူးးးးး မလွယ်တာ ခုန က ပေးမလို့ဟာ၇ဘူးလေ ပို့စ်ဖတ်၇တာ ကောင်မလေး အနေနဲ့ေ၇းထားလို့ မိန်းကလေးလားလို့ ဟိဟိ နောက်မှ ချီးဘောက်မှာ မောင်လေး ဆိုတာနဲ့ယောက်ျားလေးမှန်းသိတယ် လင့်ခ်သွားတယ်သိလား အဲဒါ အသိပေးတာ တာ့တာ ဘိုင် ဆီးယူ သေးလဲ ယူ
ဟေးးးး ဘာလာကြွားသွားတာလဲ အ၇ပ် ၅ ပေ ၇ လက်မ၇ှိတာ ဟွန်းးးးးးးးးးး
စာအရေးအသားကောင်းလိုက်တာ။ မိန်းကလေးမှတ်နေတာ။
ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ မိန်းကလေးဖက်က ရေးရင် အရမ်းကောင်းတဲ့ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)ကိုတောင် သတိရသွားတယ်။
အားပေးလျက်...
ကြိုက်တယ်... ဆက်ရေးပါနော်...များများလေး..

Popular posts from this blog

အဖြစ်ချင်ဆုံးဆန္ဒ

မူလတန်းကျောင်းသားဘဝ

မိတ်ဆွေကောင်း အင်္ဂါ ခုနှစ်ပါး