ခရီးသည်

ဘယ်သူကမှလဲ မဖိတ်ခေါ်ခဲ့ပါဘူး...

ဒါပေမယ့်

ငါရောက်ရှိခဲ့ပြီ

ပြီးတော့

ငါမပိုင်တဲ့ အနာဂတ်ဆီ

အလင်းရောင် ရှိလိမ့်နိုးနဲ့ ငါတိုးခဲ့ရသည်။

တစ်လှမ်းပြီးတော့... နောက်တစ်လှမ်း....

ငါ့ခြေလှမ်းတွေ မောလို့ပန်းတော့

မနွမ်းပန်းရဲ့ အနမ်းကြောင့်သာ

ငါလန်းခဲ့ရသည်။

မေတ္တာစစ်ရဲ့ အချစ်ကြောင့်လဲ

ငါဟာ အသစ်အသစ် ပြောင်းခဲ့ရသည်။

တစ်နေ၀င်ပြီး တစ်ညရောက်

တစ်မိုးသောက်လို့ အလင်းရောက်ခဲ့ပြီ

အရှေ့အနောက် မသိပေမယ့်

ငါလျှောက်ရမယ့် လမ်းကလဲ ရောက်ခဲ့ပြန်ပြီ

နိဒါန်းမရှိတဲ့ နိဂုံး

သြော်...ဒီလမ်းဆုံးအောင်တော့ ငါလျှောက်ရအုံးမည်....

Comments

Popular posts from this blog

အဖြစ်ချင်ဆုံးဆန္ဒ

မူလတန်းကျောင်းသားဘဝ

မိတ်ဆွေကောင်း အင်္ဂါ ခုနှစ်ပါး