အလွမ်းများ


သစ္စာတရားကိုရင်မှာပိုက်

ကောင်းကင်မှာငါ့အချစ်တွေကိုသံမှိုနဲ့ရိုက်ထားတယ်

ချစ်သူကပြောတယ်

နှလုံးသားလှဖို့သာလိုတာပါတဲ့...

ငါ့ရင်ကိုခွင်း...မင်းအချစ်မျှားတစ်စင်းကြောင့်

အိပ်မက်တွေကို ....တံခါးပိတ်ထားလိုက်တယ်...

ငါတို့တွေ့ခဲ့တုန်းက

အရှေ့တောင်ကုန်းက ဧကရာဇ်ပင်အိုကြီးလဲပြုံးလို့ပေါ့...

အခုတော့...အချိန်တန်ပေမယ့်

စံပယ်တွေလဲမပွင့်တော့ဘူး...

ချစ်သူရေ.....

မင်းကိုလွမ်းသဖြင့်သာပန်းပွင့်ကြမယ်ဆို...

ငါ့ဥယျဉ်မှာ....ပန်းတွေကြည့်ပေါ့တဲ့..

ငါ့နှလုံးသားမှာ မင်းဟာနတ်သမီးပါ...

မင်းဟာငါငယ်ငယ်ကမက်ခဲ့ရတဲ့အိပ်မက်ပါ..

မင်းဟာငါလျှောက်ချင်သောခရေပင်လမ်းလေးပါ..

မင်းဟာငါ့ရဲ့လပြည့်လေးပါ

မင်းဟာငါ့ရဲ့ .......

ဖြစ်နိုင်မယ်ဆိုရင်...အလွမ်းကိုဘယ်လိုစာလုံးပေါင်းလဲငါမသိချင်ဘူး...

Comments

Popular posts from this blog

အဖြစ်ချင်ဆုံးဆန္ဒ

မူလတန်းကျောင်းသားဘဝ

မိတ်ဆွေကောင်း အင်္ဂါ ခုနှစ်ပါး