သင်္ကြန်ပွဲတော် နှင့် ...

ရှေးမြန်မာမင်းများ လက်ထပ်ကနေစတင် ကျင်းပခဲ့တဲ့ သင်္ကြန်ပွဲတော်ဟာ မြန်မာတို့ရဲ့ တစ်ဆယ့်နှစ်လရာသီ ပွဲတော်တွေထဲမှာ ပါဝင်ဆင်နွဲသူအများဆုံး ပွဲတော်ပါ။ ပုဂံမင်းလက်ထပ်မှာတစ်လလုံး ကျင်းပသည်အထိ ပျော်စရာကေင်းတယ်လို့ ယူဆကြတဲ့ ပွဲတော်တစ်ခုပါ။ သို့သော်လည်း တစ်ဆယ့်နှစ်လရာသီ ပွဲတော်များထဲမှာ ကောင်းကျိုးပြန်ရနိုင်မှူ အနဲဆုံးနဲ့ ငွေကြေး အကုန်အကျ အများဆုံးပွဲတော်တစ်ခုလဲ ဖြစ်ပါတယ်။တစ်ကမ္ဘာလုံး စီးပွားရေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ ဖွံ့ဖြိုးဆဲအဆင့်ကနေမတက်နိုင်တဲ့ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ယခုလို ပွဲတော်မျိုးကို အမိန့်တစ်ရပ်ထုတ်ပြန်ပြီး အကျဉ်းချုံးကျင်းပသင့်ပါတယ်။

ရာဇ၀င်ထဲက သင်္ကြန်ဟာ ယဉ်ကျေးစွာနဲ့ပျော်ရွှင်ဖွယ်အတိ
ဖြစ်ခဲ့ပေမယ့် ယနေ့သင်္ကြန်ဟာတော့ အရက်သောက်ပွဲတော်တစ်ခုလိုသာ ဖြစ်နေပါတယ်။ လူသားခြင်းစာနာမှူကို အလေးထားပါလို့ အော်ဟစ်နေသော ကျွန်တော်တို့ သင်္ကြန်ပွဲတော်ကျင်းပနေသူများဟာ ရေကြည်တစ်ပေါက် ရရန်ခက်နေသော ရေအတွက် လူ့အသက်တွေ ပေးနေရသော နိုင်ငံများမှ မျိုးနွယ်တူလူသား တွေအပေါ်မှာ မတရားရာရောက်
နေတယ်လို့ ကျွန်တော်တော့မြင်ပါတယ်။သစ်တောပြုန်းတည်းမှူ ပင်လယ်ရေမျက်နှာပြင်
မြင့်တက်မှူ နှင့် ကမ္ဘာကြီးပူနွေးမှူ များကြောင့် ရေအရင်းအမြစ်များ တဖြေးဖြေးပျောက်ကွယ်နေရချိန်မှာ ကျွန်တော်တို့တွေဟာ ပျော်ရွှင်မှူဟုအမည်တပ်ကာ တကယ်တမ်းမပျော်နိုင်တဲ့ ပွဲတော်တစ်ခုကို ကျင်းပနေခြင်းဟာ ရှက်စရာတစ်ခု ဖြစ်နေနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ သင်္ကြန်ပွဲတော်ကျင်းပနေပုံတွေကို ရေရှားတဲ့နိုင်ငံတွေမှာ ပြသလိုက်ရင် သူတို့ရင်ထဲမှာ ဘယ်လိုခံစားနေကြမလဲလို့ ကိုယ်ခြင်းစာကြည့်နိုင်ပါတယ်။

အများမိုးခါးရေသောက်တိုင်း ကျွန်တော်တို့လိုက် သောက်နေမယ်ဆိုရင် သံသရာမပြတ်တော့ပါဘူး။
ယနေ့ခေတ်မှာ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့အတွက် အုပ်ချုပ်သူလူတန်းစားကိုသာ အပြစ်ပြောနေရမယ့် အချိန်မဟုတ်တော့ပါဘူး။ ကျွန်တော်တို့တွေကိုယ်တိုင်ကကို ကြိုးစားမှူုတွေ ဥာဏ်ပညာတွေ စိတ်ဆန္ဒပြင်းပျမှူတွေ ၀ီရိယတွေ လိုအပ်နေသေးလို့ ဒီလိုအခြေနေမျိုးမှာ နေနေရတာပါ။ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ပြာပုံအတိသာကျန်တော့တဲ့ ဂျပန်နိုင်ငံဟာ ယခုအခါမှာ ဖီးနစ်ငှက်လို တောက်ပနေချိန်မှာ ကျွန်တော်တို့တတွေကတော့ သက္ကရာဇ်တွေ ပြတ်ကျန်နေရစ်ခဲ့ရပါပြီ။ ကျွန်တော်တို့မြန်မာလူမျိုးတွေဟာ ပင်ကိုယ်ဥာဏ်ကြီးမားကြပါတယ်။ တစ်ချိန်က ကမ္ဘာမှာမြန်မာဆိုတာ သမိုင်းတစ်ခေတ်မှာ အားလုံးလေးစားရတဲ့နိုင်ငံတစ်ခုပါ။ အားလုံးမခံချင်စိတ်နဲ့ ကြိုးစားကြမယ်ဆိုရင် ပန်းတိုင်ဟာကျွန်တော်တို့လက်တစ်ကမ်းမှာပါ...


Comments

Popular posts from this blog

အဖြစ်ချင်ဆုံးဆန္ဒ

မူလတန်းကျောင်းသားဘဝ

အမှတ်တရ