မူလတန်းကျောင်းသားဘဝ


မူလတန်းကျောင်း လေးပါ။ ရှမ်းပြည်နယ်က တောရွာလေးတစ်ရွာမှာ တည်ရှိပါတယ်။ စိန်ပန်းတွေ ဝေနေအောင် ပွင့်တဲ့ ရာသီမှာ ကျွန်တော် ဒီကျောင်းလေးကို ရောက်ခဲ့ပါတယ်။ ဒီကျောင်းလေးရှေ့ကိုရောက်တော့ ကျွန်တော့် စိတ်တွေ ဟိုးငယ်ဘ၀ဆီကို ရွက်လွင့်မိတယ်။ ကျွန်တော်တို့တွေဟာ များသာအားဖြင့် အထက်တန်းကျောင်းတွေ တက္ကသိုလ်ကြီးတွေကိုသာ မတက်ဖူးရင်နေမယ် ငယ်ဘ၀မှာတုန်းကတော့ ကျောင်းရှိတဲ့နေရာမှာ နေတဲ့သူတိုင်း မူလတန်းကျောင်းလေးကို တော့ တက်ဖူးကြမှာပါ။ ဒီကျောင်းလေးကို မြင်ရတော့ ဦးစွာပထမ ဖြူစင်မှူကို ပြန်ခံစား ရတယ်။ မူလတန်းကျောင်းလေးမှာ လူတန်းစားခွဲခြားမှူတွေ ဆင်းရဲချမ်းသာခွဲခြားမှူတွေ အသားရောင်ခွဲခြားမှူတွေ မရှိဘူးလေ။ ဘယ်သူကဆင်းရဲပြီး ဘယ်သူကချမ်းသာတယ်ဆိုတာ တကယ်ကိုမတွေးဖြစ်ကြပါဘူး။
အသက်ကြီးလာမှသာ သြော်သူကတော့ ငယ်ငယ်ကထဲက ချမ်းသာပြီး သူကတော့ ငယ်ငယ်ကထဲက
ဆင်းရဲတာပါလားလို့သိလာတယ်။ ငယ်တုန်းကတော့ အရောင်တွေမစွန်းထင်းသေးဘူးပေါ့။ အခုတော့ ဟိုးငယ်ငယ်မူလတန်းတက်ခဲ့ တုန်းကခင်ခဲ့တဲ့သူငယ်ချင်းတွေဟာ တစ်ယောက်တကွဲစီဖြစ်လို့ပေါ့။ တချို့က နိုင်ငံရပ်ခြားမှာ တချို့ က ဒီမှာပဲ အရမ်းချမ်းသာတဲ့ဘ၀တွေပိုင်ဆိုင်လို့ တချို့ကတော့ ဆရာတွေဆရာမတွေ ပြန်ဖြစ်လို့ တချို့က အဆင်မပြေလို့ ဘ၀ကို ရုန်းကန်နေကြလို့ပေါ့။ ဘယ်သူတွေ ဘယ်လိုဘ၀နဲ့ ရှင်သန်နေရပါစေ ကျွန်တော်တို့ မူလတန်းကျောင်းသားဘ၀တုန်းကထဲက ခင်ခဲ့တဲ့ သူတွေ ပြန်တွေ့ကြရင်တော့ ညီရင်းအကိုတွေလို ၀မ်းပမ်းတသာ နုတ်ဆက် ခေါ်ပြောလျက်ပါ။ ဘ၀မှာလဲ ဘယ်လောက်ပင် ဖြူစင်ပါတယ် ပြောပါစေ ဟိုးငယ်ငယ်ဘ၀တုန်းက ခင်မင်ခဲ့ကြဖူးတဲ့ သူတွေလောက်တော့ ဘယ်သူမှ မရိုးသားနိုင်ကြတော့ ဘူးလေ။ အခုချိန်ခင်မင်မှူတွေ မှာ မျှော်လင့်ချက်တွေကပါနေပြီကိုး.။

Comments

ငယ်ငယ်တုံးက ဘဝလေးကို ပြန်ပြီး သတိရမိပါတယ် ကွယ် နင့် profile ရှာလို့လဲ မတွေ့ပါလား ဘယ်မှာသွားဖွက်ထားလဲ ငါ့နဲ့အသက်အတူတူပဲလား သိချင်လို့

ဘိုင် သွားပြီ တာ့တာ
မှန်တယ်ဗျ...
ကျွန်တော်တောင် ဒီနေ. အဲဒီအကြောင်းလေး တွေးမိလို. Post နဲ.အတူ သီချင်းလေးတစ်ပုဒ် တင်ထားတယ် ၊၊ မြန်မာသီချင်းတွေ နားထောင်တက် ရင် လာခံစားကြည့်ပါ လို. ဖိတ်ပါတယ် ....

ဘယ်တော့မှ မေ့မရ တာ ငယ်ဘ၀တွေ ပါပဲ့

Popular posts from this blog

ကမ္ဘာဦးကျမ်း

ကျွန်တော်နှင့်အိမ်ထောင်ရေး

အရင်တုန်းက