Posts

ကျွန်တော်နှင့်အိမ်ထောင်ရေး

မေကျော်က တဂ်ထားတဲ့ပို့စ်လေးကို ပြန်ရေးပေးထားတာပါ။ ဒီတဂ်လေးဟာ ကျွန်တော်နဲ့တော့ တိုက်ရိုက် ပက်သက်မှူရှိတဲ့ ပို့စ်လေးမို့လို့ လေးလေးနက်နက် စဉ်းစားပြီးရေးလိုက်ပါတယ်။ အိမ်ထောင်ရေး ဆိုတာ စာသုံးလုံးထဲပေမယ့် တွေးလေလေ ကျယ်ပြန့်လေပါ။ အတွေးနက်နက် အရေးခက်၏။ ဆိုသလိုမျိုးပါပဲ။ အိမ်ထောင်တစ်ခုမှာ စတင်မြစ်ဖျားခံ စီးဆင်းရာက အချစ်ဖြစ်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်နဲ့ ချစ်သူတို့ စတင်တွေ့ခဲ့တုန်းက တစ်ယောက်အကြောင်းလဲ တစ်ယောက်မသိ၊ ဘာဆိုဘာမှ သေသေချာချာမသိသေးခင်မှာပဲ ချစ်ခဲ့မိကြတယ်။ ဒါကို အချစ်စစ်လို့ ပြောရင် ကိုယ်လိုရာ ကိုယ်ဆွဲတွေးသလို မျိုး ဖြစ်နေမလားတော့မသိဘူးပေါ့လေ။ ဒါပေမယ့် စဉ်းစားကြည့်နော်။ သူ့ရဲ့ ပိုင်ဆိုင်မှူတွေ ကိုယ့်ရဲ့ ပိုင်ဆိုင်မှူတွေ နှစ်ဖက်မိဘအခြေအနေတွေ ပညာရေးတွေ စီးပွားရေးတွေ ဘာတွေကိုမှ မစဉ်းစားပဲ ချစ်မိကြတဲ့ အချစ်ဟာ မျက်ကန်းအချစ်လို့ ပြောကြမယ်ဆိုရင်လဲ ငြင်းစရာ စကားလုံး ကျွန်တော့်မှာ မရှိပါဘူး။ မှန်တယ်လို့ မပြောနိုင်သလို မှားတယ်လို့လဲ ပြောဖို့ခက်တဲ့ အခြေအနေပါ။ ဒါပေမယ့် ကံကောင်းစွာနဲ့ ပဲ ကျွန်တော်တို့ နှစ်ယောက်ရဲ့ အခြေအနေဟာ သိပ်မကွာခြားခဲ့ပါဘူး။ ကျွန်တော့်ထက် အသက်နဲနဲ ငယ်တဲ့ သူ့ကို ကျွန်တော်လိုချင...

ကမ္ဘာဦးကျမ်း

ကောင်မလေးရေ ဆုတောင်းမှားခဲ့တဲ့ နင်နဲ့ငါက စာအုပ်တစ်အုပ်စီရဲ့ ကျောခြင်းကပ် စာမျက်နှာ နှစ်ဖက်လာဖြစ်နေတယ် ကောင်မလေးရေ မှုံရီအုံ့မှိုင်းနေတဲ့ ငါတို့ကံကြမ္မာကြောင့် နင်ဟာ ငါ့အိမ်မက်မှာ လာပွင့်တဲ့ ပန်းဖြစ်နေတယ် ဒါပေမယ့် ကောင်မလေးရေ ဒီပုံပြင်ကို ဆုံးအောင် ငါတို့ပြောကြတုန်းကတော့ နင့်အသဲနှလုံးက ပြုံးလို့ပေါ့ တကယ်တော့ နင်ရင်ဘတ်က ငါ့ကိုချစ်တယ်ဆိုတဲ့အချစ်က ငါမဖတ်တတ်တဲ့ ကျမ်းတစ်စောင်ပါ ကံဆိုးမိုးမှောင်ကျစေခဲ့တဲ့ နတ်ဆိုးတွေကို မုန်းတယ်။ တကယ်လို့များ စွယ်တော်တွေ ပွင့်ရင် နင်ငါ့ကို ပြန်ချစ်လို့ရမလား ကောင်မလေးရယ်

အရင်တုန်းက

ဒီနေရာကို တစ်ခေါက် ကျွန်တော်ရောက်ခဲ့ပြီ။ အရင်တုန်းက ကျွန်တော်ခူးခဲ့ဖူးသော ကြာဖူးတို့သည်လည်း အခုတော့ မတွေ့ရတော့... အရင်တုန်းက ကျွန်တော်မြင်ခဲ့ရသော ရွှေငါးကလေးများသည်လည်း အခုတော့ မတွေ့ရတော့.... ဒီရေကန်နဘေးမှာပဲ အရင်တုန်းက ကျွန်တော်ရွတ်ခဲ့ဖူးသော ကဗျာတို့၏ အသံသည်လည်း အခုတော့ မကြားရတော့... အရင်တုန်းက ကျွန်တော်လွှတ်ခဲ့သော စက္ကူလှေလေးသည်လည်း အခုတော့ ဘယ်ဆီကိုများ ရွက်လွင့်နေပြီကော... အရင်တုန်းက ကျွန်တော်ရေးခဲ့ဖူးသော သောင်ပေါ်က အရုပ်ကလေးသည်လည်း အခုတော့ ... ဘယ်ဆီကိုများ လမ်းလျှောက်ထွက်သွားပါလိမ့်... သို့သော်လည်း အခုတော့ ကျွန်တော့်လက်နဲ့ ပျိုးခဲ့သော စွယ်တော်ရုံသည်သာ သူ့ရင်ဘတ်ကိုဖွင့်၍ ကျွန်ုပ်၏ အပြန်လမ်းတွင် ကြိုသူတစ်ဦး အဖြစ်ရှိနေပေတော့သည်။

အချစ်၏ရနံ့

အချစ်ဆိုတာဘာလဲလို့ အားလုံးစဉ်းစားဖူးကြမှာပေါ့။ကမ္ဘာဦးကျမ်းအလိုအရ အချစ်ကို အာဒံနဲ့ဧ၀ တို့ရဲ့ သစ်သီး(ပန်းသီး)အဖြစ်တင်စားကြတယ်။ ကျွန်တော်တော့ အဲ့ဒီလိုမထင်ပါဘူး။အချစ်ဆိုတာ မျက်စိနဲ့မြင်ရတာမှမဟုတ်တာ... တကယ်လို့ ကမ္ဘာဦးကျမ်းအလိုအတိုင်း ဖြစ်ခဲ့မယ်ဆိုရင်တော့ အချစ်ဆိုတာ အဲ့ဒီသစ်သီးအထဲက ရနံ့လို့ ကျွန်တော်ထင်တယ်။ချစ်သူစုံတွဲလေးတွေ အတွက် အဲ့ဒီသစ်သီးထဲမျာ ရနံ့မျိုးစုံပါလာမယ်လေ။ စုံတွဲ တစ်တွဲစီအတွက်တော့ ရနံ့ကဘယ်တူမလဲနော်. ကျွန်တော်နဲ့ချစ်သူအတွက်တော့ ကမ္ဘာဦးသစ်သီးထဲက ရနံ့ဟာ စွယ်တော်ရနံ့လို့ ကျွန်တော်တို့ သတ်မှတ်လိုက်ကြတယ်။ကဲ အားလုံးပဲ ကိုယ့်ချစ်သူကိုမေးကြည့်ပေါ့. သူထင်တဲ့ရနံ့နဲ့ ကိုယ်ထင်တဲ့ရနံ့ တူနေမယ်ဆိုရင်တော့.. အတိုင်းထက်အလွန်ပေါ့ဗျာ..

သူမ

ဒီနေရာမှာ တစ်ခါပြန်ခြေချ နေမရအောင်လွမ်းလို့များတော့ မထင်လိုက်နဲ့ ခရေတွေ ကြွေကျနေလို့ လာကောက်တာပါ။ ဒီအိမ်မက် ကို တစ်ခါပြန်မက်တော့ အနေခက်ပေမယ့် သေမတတ်အောင်လွမ်းတာမျိုးတော့ မရှိတော့ဘူးပေါ့။ ဒီရနံ့တွေတစ်ခါပြန်စူး နင့်အနမ်းဖူးဖူးတွေကို တော့ အရူးအမူးဖြစ်ရမယ့် အရွယ်လဲမဟုတ်တော့ဘူးလေ.. ဖြစ်နိုင်မယ်ဆိုရင်.. ပန်းနုရောင်တွေအကုန်လုံးကို အစိမ်းရောင်ပြောင်းပြစ်လိုက်မယ်

ကျွန်တော်သိသော အာနာပါန

ကျွန်တော် ငယ်ငယ်တုန်းက အဖွားနဲ့ အတူနေရတာ များတယ်။အဖွားကလဲ ကျွန်တော့်ကို တော်တော်ချစ်တယ်လေ။ အဖွားကို အရင်ဦးဆုံး မှတ်မိနေသည်က နံ့သာဖြူနံ့မွှေးသော အမြဲလိုလို ပုတီး စိတ် နေတတ်သော အသွင်ဖြင့်ပါ။ အဲ့ဒီတုန်းက ကျွန်တော်က မူလတန်းကျောင်းသားအရွယ်ပေါ့။ ညဆို အဖွားက ကျွန်တော့်ကို သူနဲ့ခေါ်သိပ်ပြီး ပုတီးစိတ်ခိုင်းတတ်သည်။ အနိစ္စ ဒုက္ခ အနတ္တ ဆိုတာကို ပုတီးတစ်လုံး ချရင် တစ်ခါဆိုပြီး စိတ်ရတာခင်ဗျ။ ကျွန်တော်ကလဲ ကလေးဆိုတော့ ဘာမှမသိဘူး စိတ်တာပဲ စာမကျက်ရ ပြီးရောလေ။ အဟဲ..။ အဖွားက မိုးကုတ်ဆရာတော်ဘုရားကြီး သက်ရှိထင်ရှားရှိစဉ်က ဟောခဲ့တဲ့ တရားတွေကို မှီခဲ့တယ်။ ကိုယ်တိုင်နာကြားခဲ့ရတော့ သမာဓိတော်တော် ကောင်းတယ်ဗျ။ ကျွန်တော်မှတ်မိ သလောက်ဆို အဖွားက အမြဲအေးချမ်းနေတာပဲ။ ကျွန်တော့်ကိုလဲ ညအိပ်ပြီဆို ထွက်လေ ၀င်လေ မှတ်အိပ်ခိုင်းတယ်။ အဲ့ဒီတုန်းကတော့ ဘာမှမသိဘူးလေ အဖွားခိုင်းလို့ လုပ်ရတာပေါ့..အခုမှ ပြန်စဉ်းစားကြည့်တော့ ထွက်လေ ၀င်လေရှူခိုင်းတာက သမာဓိကိုပျိုးထောင်တာပဲဗျ. သမာဓိမရှိပဲနဲ့ တရားကျင့်လို့မရနိုင်ဘူးလေ။ အဲ့ဒါက ၀ိပသနာရဲ့ အခြေခံပဲဆိုတာနားလည်လာတယ်. ဒါပေမယ့် အခု လူတွေ နားလည်နေတာက ဖြစ်ပျက် ရှူရမယ်ပေါ့။ ဖြစ်ပျက်က သမာဓိအားအရမ...

ပစ္စုပ္ပန်ကြီးပွားချမ်းသာကြောင်းတရားလေးပါး

၁။ ဥဋ္ဌာနသမ္ပဒါ - ထကြွလုံ့လ ၀ီရိယဖြင့် ဥစ္စာပစ္စည်းကို ရှာဖွေရမည် ၂။ အာရက္ခ သမ္ပဒါ - မကုန်သင့်တာ မကုန်အောင် ထိန်းသိမ်းစောင့်ရှောက်မှူနှင့် ပြည့်စုံရမည် ၃။ ကလျာဏမိတ္တသမ္ပဒါ - မိတ်ဆွေကောင်းရှိရမည် ၄။ သမဇီဝိတသမ္ပဒါ - အ၀င်အထွက်မျှတအောင် သုံးစွဲတတ်ရမည် အဲ့ဒီလေးချက်မှာမှ ဥဋ္ဌာနသမ္ပဒါမှာ အင်္ဂါငါးပါးရှိသေးတယ်ဗျ။ ၁။ မိမိ၏ စီးပွားရေး၌ ကျွမ်းကျင်လိမ္မာခြင်း ၂။ မပျင်းမရိ ထကြွလုံ့လ ၀ီရိယရှိခြင်း ၃။ လုပ်ငန်း၌ စူးစမ်းဆင်ခြင်နိုင်သော ဥာဏ်ပညာရှိခြင်း ၄။ ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ခြင်း ၅။ ဦးစီးဦးဆောင် ပြု၍ စီမံညွှန်ကြားနိုင်ခြင်း တဲ့ဗျ ဒီအချက်တွေနဲ့ညီညွှတ်ရင် မကြီးပွားမရှိပါဘူး မကြီးပွားဘူးဆိုရင် ဒီအချက်တွေနဲ့ မညီသေးလို့ပေါ့။ ဒါဘုရားဟောတရားပါ။ မမှန်ဘူးဆိုတဲ့လူကို လျှာဖြတ်ပြီး ကျွန်ခံကြေးတောင်လောင်းလိုက်ချင်ပါသေးတယ်