အချစ်၏ရနံ့
အချစ်ဆိုတာဘာလဲလို့ အားလုံးစဉ်းစားဖူးကြမှာပေါ့။ကမ္ဘာဦးကျမ်းအလိုအရ အချစ်ကို အာဒံနဲ့ဧ၀ တို့ရဲ့ သစ်သီး(ပန်းသီး)အဖြစ်တင်စားကြတယ်။
ကျွန်တော်တော့ အဲ့ဒီလိုမထင်ပါဘူး။အချစ်ဆိုတာ မျက်စိနဲ့မြင်ရတာမှမဟုတ်တာ... တကယ်လို့ ကမ္ဘာဦးကျမ်းအလိုအတိုင်း ဖြစ်ခဲ့မယ်ဆိုရင်တော့ အချစ်ဆိုတာ အဲ့ဒီသစ်သီးအထဲက ရနံ့လို့ ကျွန်တော်ထင်တယ်။ချစ်သူစုံတွဲလေးတွေ အတွက် အဲ့ဒီသစ်သီးထဲမျာ ရနံ့မျိုးစုံပါလာမယ်လေ။ စုံတွဲ တစ်တွဲစီအတွက်တော့ ရနံ့ကဘယ်တူမလဲနော်. ကျွန်တော်နဲ့ချစ်သူအတွက်တော့ ကမ္ဘာဦးသစ်သီးထဲက ရနံ့ဟာ စွယ်တော်ရနံ့လို့ ကျွန်တော်တို့ သတ်မှတ်လိုက်ကြတယ်။ကဲ အားလုံးပဲ ကိုယ့်ချစ်သူကိုမေးကြည့်ပေါ့. သူထင်တဲ့ရနံ့နဲ့ ကိုယ်ထင်တဲ့ရနံ့ တူနေမယ်ဆိုရင်တော့.. အတိုင်းထက်အလွန်ပေါ့ဗျာ..

Comments