မိတ်ဆွေကောင်း အင်္ဂါ ခုနှစ်ပါး
၁။ ပေးနိုင်ခဲသော အရာဝတ္ထုကိုပေးခြင်း ၂။ ပြုနိုင်ခဲသော အမှူကိစ္စကို ပြုလုပ်နိုင်ခြင်း ၃။ သည်းခံနိုင်ခဲသောအရာကို သည်းခံခြင်း ၄။ မိမိ၏ လျှို့ဝှက်အပ်သောအရာကို မိမိ၏ အဆွေခင်ပွန်းအား ဖွင့်ဟပြောကြားခြင်း ၅။ မိမိမိတ်ဆွေ၏ လျှို့ဝှက်အပ်သော အရာကို လျှို့ဝှက်ထားခြင်း ၆။ ဘေးရန်အန္တရယ်တွေ့ကြုံလာသော အခါ၌ မိမိ၏မိတ်ဆွေကို စွန့်ပစ်မထားခြင်း ၇။ ပစ္စည်း ဥစ္စာကုန်ခန်းပျက်စီးခြင်းကြောင့် မိမိ၏ မိတ်ဆွေအား အထင်သေး၍ မိမိကိုယ်ကိုမူ အထင်ကြီး မောက်မာပြီး မထေမဲ့မြင် မပြုတတ်ခြင်း အထက်ပါအချက် ခုနှစ်ချက်သည် မိတ်ဆွေကောင်း အင်္ဂါ ခုနှစ်ပါးဖြစ်သည်။ ဆန့်ကျင်ဘက် အင်္ဂါခုနှစ်ပါးသည် မိတ်ဆွေယုတ် အင်္ဂါဟု အပြန်အားဖြင့်သိနိုင်ပါသည်။