Posts

Showing posts with the label ကျောင်းအကြောင်း

မူလတန်းကျောင်းသားဘဝ

Image
မူလတန်းကျောင်း လေးပါ။ ရှမ်းပြည်နယ်က တောရွာလေးတစ်ရွာမှာ တည်ရှိပါတယ်။ စိန်ပန်းတွေ ဝေနေအောင် ပွင့်တဲ့ ရာသီမှာ ကျွန်တော် ဒီကျောင်းလေးကို ရောက်ခဲ့ပါတယ်။ ဒီကျောင်းလေးရှေ့ကိုရောက်တော့ ကျွန်တော့် စိတ်တွေ ဟိုးငယ်ဘ၀ဆီကို ရွက်လွင့်မိတယ်။ ကျွန်တော်တို့တွေဟာ များသာအားဖြင့် အထက်တန်းကျောင်းတွေ တက္ကသိုလ်ကြီးတွေကိုသာ မတက်ဖူးရင်နေမယ် ငယ်ဘ၀မှာတုန်းကတော့ ကျောင်းရှိတဲ့နေရာမှာ နေတဲ့သူတိုင်း မူလတန်းကျောင်းလေးကို တော့ တက်ဖူးကြမှာပါ။ ဒီကျောင်းလေးကို မြင်ရတော့ ဦးစွာပထမ ဖြူစင်မှူကို ပြန်ခံစား ရတယ်။ မူလတန်းကျောင်းလေးမှာ လူတန်းစားခွဲခြားမှူတွေ ဆင်းရဲချမ်းသာခွဲခြားမှူတွေ အသားရောင်ခွဲခြားမှူတွေ မရှိဘူးလေ။ ဘယ်သူကဆင်းရဲပြီး ဘယ်သူကချမ်းသာတယ်ဆိုတာ တကယ်ကိုမတွေးဖြစ်ကြပါဘူး။ အသက်ကြီးလာမှသာ သြော်သူကတော့ ငယ်ငယ်ကထဲက ချမ်းသာပြီး သူကတော့ ငယ်ငယ်ကထဲက ဆင်းရဲတာပါလားလို့သိလာတယ်။ ငယ်တုန်းကတော့ အရောင်တွေမစွန်းထင်းသေးဘူးပေါ့။ အခုတော့ ဟိုးငယ်ငယ်မူလတန်းတက်ခဲ့ တုန်းကခင်ခဲ့တဲ့သူငယ်ချင်းတွေဟာ တစ်ယောက်တကွဲစီဖြစ်လို့ပေါ့။ တချို့က နိုင်ငံရပ်ခြားမှာ တချို့ က ဒီမှာပဲ အရမ်းချမ်းသာတဲ့ဘ၀တွေပိုင်ဆိုင်လို့ တချို့ကတော့ ဆရာတွေဆရာမတွေ ပြန်ဖြစ်လို...