ကျွန်တော်သိသော အာနာပါန
ကျွန်တော် ငယ်ငယ်တုန်းက အဖွားနဲ့ အတူနေရတာ များတယ်။အဖွားကလဲ ကျွန်တော့်ကို တော်တော်ချစ်တယ်လေ။ အဖွားကို အရင်ဦးဆုံး မှတ်မိနေသည်က နံ့သာဖြူနံ့မွှေးသော အမြဲလိုလို ပုတီး စိတ် နေတတ်သော အသွင်ဖြင့်ပါ။ အဲ့ဒီတုန်းက ကျွန်တော်က မူလတန်းကျောင်းသားအရွယ်ပေါ့။ ညဆို အဖွားက ကျွန်တော့်ကို သူနဲ့ခေါ်သိပ်ပြီး ပုတီးစိတ်ခိုင်းတတ်သည်။ အနိစ္စ ဒုက္ခ အနတ္တ ဆိုတာကို ပုတီးတစ်လုံး ချရင် တစ်ခါဆိုပြီး စိတ်ရတာခင်ဗျ။ ကျွန်တော်ကလဲ ကလေးဆိုတော့ ဘာမှမသိဘူး စိတ်တာပဲ စာမကျက်ရ ပြီးရောလေ။ အဟဲ..။ အဖွားက မိုးကုတ်ဆရာတော်ဘုရားကြီး သက်ရှိထင်ရှားရှိစဉ်က ဟောခဲ့တဲ့ တရားတွေကို မှီခဲ့တယ်။ ကိုယ်တိုင်နာကြားခဲ့ရတော့ သမာဓိတော်တော် ကောင်းတယ်ဗျ။ ကျွန်တော်မှတ်မိ သလောက်ဆို အဖွားက အမြဲအေးချမ်းနေတာပဲ။ ကျွန်တော့်ကိုလဲ ညအိပ်ပြီဆို ထွက်လေ ၀င်လေ မှတ်အိပ်ခိုင်းတယ်။ အဲ့ဒီတုန်းကတော့ ဘာမှမသိဘူးလေ အဖွားခိုင်းလို့ လုပ်ရတာပေါ့..အခုမှ ပြန်စဉ်းစားကြည့်တော့ ထွက်လေ ၀င်လေရှူခိုင်းတာက သမာဓိကိုပျိုးထောင်တာပဲဗျ. သမာဓိမရှိပဲနဲ့ တရားကျင့်လို့မရနိုင်ဘူးလေ။ အဲ့ဒါက ၀ိပသနာရဲ့ အခြေခံပဲဆိုတာနားလည်လာတယ်. ဒါပေမယ့် အခု လူတွေ နားလည်နေတာက ဖြစ်ပျက် ရှူရမယ်ပေါ့။ ဖြစ်ပျက်က သမာဓိအားအရမ...