Posts

Showing posts with the label အချစ်အကြောင်း

အချစ်၏ရနံ့

အချစ်ဆိုတာဘာလဲလို့ အားလုံးစဉ်းစားဖူးကြမှာပေါ့။ကမ္ဘာဦးကျမ်းအလိုအရ အချစ်ကို အာဒံနဲ့ဧ၀ တို့ရဲ့ သစ်သီး(ပန်းသီး)အဖြစ်တင်စားကြတယ်။ ကျွန်တော်တော့ အဲ့ဒီလိုမထင်ပါဘူး။အချစ်ဆိုတာ မျက်စိနဲ့မြင်ရတာမှမဟုတ်တာ... တကယ်လို့ ကမ္ဘာဦးကျမ်းအလိုအတိုင်း ဖြစ်ခဲ့မယ်ဆိုရင်တော့ အချစ်ဆိုတာ အဲ့ဒီသစ်သီးအထဲက ရနံ့လို့ ကျွန်တော်ထင်တယ်။ချစ်သူစုံတွဲလေးတွေ အတွက် အဲ့ဒီသစ်သီးထဲမျာ ရနံ့မျိုးစုံပါလာမယ်လေ။ စုံတွဲ တစ်တွဲစီအတွက်တော့ ရနံ့ကဘယ်တူမလဲနော်. ကျွန်တော်နဲ့ချစ်သူအတွက်တော့ ကမ္ဘာဦးသစ်သီးထဲက ရနံ့ဟာ စွယ်တော်ရနံ့လို့ ကျွန်တော်တို့ သတ်မှတ်လိုက်ကြတယ်။ကဲ အားလုံးပဲ ကိုယ့်ချစ်သူကိုမေးကြည့်ပေါ့. သူထင်တဲ့ရနံ့နဲ့ ကိုယ်ထင်တဲ့ရနံ့ တူနေမယ်ဆိုရင်တော့.. အတိုင်းထက်အလွန်ပေါ့ဗျာ..

True Love

တစ်ခါတုန်းက Moses (မိုးစစ်) ဆိုတဲ့လူတစ်ယောက်ရှိသတဲ့။ ဒီလူဟာ အရမ်းရုပ်ဆိုးတယ်၊ ပုပုတိုက်တိုက် အရပ်နဲ့ ခါးက ကုန်းသေးသတဲ့၊ တစ်ရက်မှာ သူဟာ ဟန်ဘက်(ခ်)မြို့က ကုန်သည်ကြီးတစ်ဦးအိမ် အလည်ရောက်တယ်၊ အဲ့ဒီကုန်သည်ကြီးမှာ အင်မတန် ချောမောလှပတဲ့ သမီး Frumje (ဖရွန်ဂျေ)ကို မိုးစစ် ကဘယ်လိုမှမျှော်လင့်လို့ မရနိုင်ပေမယ့် ချစ်မိသတဲ့၊ အဲ့ဒါ ဒီ မိုးစစ် ရဲ့ အချိုးမကျန အရုပ်ဆိုးတဲ့ ရုပ်နဲ့မို့ ပြင်းပြင်းထန်ထန် ငြင်းဆန်တာပေါ့ သူက ကောင်မလေးကို ခွဲခွာခါနီးမှာ သတ္တိတွေမွေး.. နောက်ဆုံး အခွင့်အရေးတစ်ခုအနေနဲ့ စကားပြောဖို့ လှေကားက တက်သွားသတဲ့ ..... နတ်သမီးလေးလို မဟာဆန်တဲ့ အချောအလှက ငြင်းတာပေါ့၊ မိုးစစ် ကို ကြည့်တောင်မကြည့်ဘူးတဲ့၊ မိုးစစ်က ရှက်ရှက်နဲ့မေးတယ် ကောင်းကင်ဘုံမှ လက်ထပ်ပွဲတွေ လုပ်ကြတယ် ဆိုတာ မင်းယုံလားတဲ့၊ ကောင်မလေးက လည်းယုံတယ်ပေါ့၊ လူငယ်တစ်ယောက်ကို နတ်မင်းကြီးက မေးတယ်၊ ဘယ်မိန်းကလေးကို မင်းလက်ထပ်မလဲ ဆိုတော့ လူငယ်က ကျွန်တော်မွေးကတည်းက ကျွန်တော့်မှာ ဖူးစာရှင် မိန်းကလေးရှိနေပါပြီတဲ့၊အဲ့ဒီတော့ နတ်မင်းကြီးက ပြောတယ် ဒါပေမယ့် မင်းဇနီးဖြစ်မယ့် မိန်းကလေးက ခါးကုန်းကြီးဖြစ်လိမ့်မယ်တဲ့..၊ လူငယ်လေးက ပြန်ပြောတယ်။ ကောင်းပါ...

အချစ်ဆိုသည်မှာ..

အချစ်ဆိုတာ..ရှင်းပြရခက်တယ်.ပုံပြင်တစ်ပုဒ်လိုနားထောင်ကောင်းအောင်လဲ ပြောပြလို့ရတယ်.. စစ်ပွဲတစ်ပွဲကို တိုက်ရသလိုမျိုးလဲ နည်းဗျူဟာ ကြွယ်ဝဖို့လိုတယ်.. ပန်းပင်လေးတစ်ပင်စိုက်ပျိုးရသလို...စိတ်ရှည်ဖို့လဲလိုသလို..ဒါပေမယ့် တစ်ခါတရံမှာတော့...ချစ်ဆိုတာသင်္ချာပုစ္စာတစ်ပုဒ်ကိုဖြေရှင်းရသလိုမျိုးနဲနဲခက်တယ်.. ဒါပေမယ့် ဘယ် သီအိုရီတွေသုံးသုံး နောက်ဆုံးမှာတော့... အချစ်ဆုံးဆိုတာတစ်ယောက်ထဲရှိတာပါ ကျွန်တော့်အတွက်တော့..အချစ်ဆိုတာ အိမ်မက်တစ်ခုကို မက်ရသလိုပဲလို့ထင်တယ်.. ဒီနေ့ညဘာမက် မယ်လို့ အကြောင်းမကြားထားပဲ မက်ချင်ရာလာလာမက်ကြတယ်လေ. ဒီနေ့မက်ခဲ့တဲ့အိမ်မက်ကို နောက်နေ့ထပ် မက်ဖို့ လဲပြန်ဆုတောင်းလို့မရနိုင်ဘူးပေါ့.. ဒါပေမယ့် အိမ်မက်လှလှမက်အောင်တော့ လုပ်လို့ရတယ်လေ. ပြီးတော့.. မိန်းမတစ်ယောက်ကိုချစ်ရတဲ့ခံစားမှူဟာ ဘာနဲ့တူသလဲဆိုတော့. ကျွန်တော့်အတွက်ကတော့. မီးခံသေတ္တာကို ဖွင့်နေရတဲ့ခံစားမှူနဲ့တူတယ်ဗျ. ကိုယ်နေ့တိုင်းဖွင့်နေကြပေမယ့်. ဖွင့်တဲ့အကြိမ်တိုင်းမှာ ရင်ခုန်တုန်းပဲ.. ကျွန်တော်လဲအဲ့ဒီလိုပဲ. ချစ်သူကိုချစ်နေရတဲ့စက္ကန့်တိုင်းမှာ. ရင်ခုန်သံမြန်နေမြဲပဲဗျာ..ဒါပေမယ့်. တစ်ယောက်နဲ့တစ်ေ...