Posts

Showing posts with the label ကဗျာ

ကမ္ဘာဦးကျမ်း

ကောင်မလေးရေ ဆုတောင်းမှားခဲ့တဲ့ နင်နဲ့ငါက စာအုပ်တစ်အုပ်စီရဲ့ ကျောခြင်းကပ် စာမျက်နှာ နှစ်ဖက်လာဖြစ်နေတယ် ကောင်မလေးရေ မှုံရီအုံ့မှိုင်းနေတဲ့ ငါတို့ကံကြမ္မာကြောင့် နင်ဟာ ငါ့အိမ်မက်မှာ လာပွင့်တဲ့ ပန်းဖြစ်နေတယ် ဒါပေမယ့် ကောင်မလေးရေ ဒီပုံပြင်ကို ဆုံးအောင် ငါတို့ပြောကြတုန်းကတော့ နင့်အသဲနှလုံးက ပြုံးလို့ပေါ့ တကယ်တော့ နင်ရင်ဘတ်က ငါ့ကိုချစ်တယ်ဆိုတဲ့အချစ်က ငါမဖတ်တတ်တဲ့ ကျမ်းတစ်စောင်ပါ ကံဆိုးမိုးမှောင်ကျစေခဲ့တဲ့ နတ်ဆိုးတွေကို မုန်းတယ်။ တကယ်လို့များ စွယ်တော်တွေ ပွင့်ရင် နင်ငါ့ကို ပြန်ချစ်လို့ရမလား ကောင်မလေးရယ်

အရင်တုန်းက

ဒီနေရာကို တစ်ခေါက် ကျွန်တော်ရောက်ခဲ့ပြီ။ အရင်တုန်းက ကျွန်တော်ခူးခဲ့ဖူးသော ကြာဖူးတို့သည်လည်း အခုတော့ မတွေ့ရတော့... အရင်တုန်းက ကျွန်တော်မြင်ခဲ့ရသော ရွှေငါးကလေးများသည်လည်း အခုတော့ မတွေ့ရတော့.... ဒီရေကန်နဘေးမှာပဲ အရင်တုန်းက ကျွန်တော်ရွတ်ခဲ့ဖူးသော ကဗျာတို့၏ အသံသည်လည်း အခုတော့ မကြားရတော့... အရင်တုန်းက ကျွန်တော်လွှတ်ခဲ့သော စက္ကူလှေလေးသည်လည်း အခုတော့ ဘယ်ဆီကိုများ ရွက်လွင့်နေပြီကော... အရင်တုန်းက ကျွန်တော်ရေးခဲ့ဖူးသော သောင်ပေါ်က အရုပ်ကလေးသည်လည်း အခုတော့ ... ဘယ်ဆီကိုများ လမ်းလျှောက်ထွက်သွားပါလိမ့်... သို့သော်လည်း အခုတော့ ကျွန်တော့်လက်နဲ့ ပျိုးခဲ့သော စွယ်တော်ရုံသည်သာ သူ့ရင်ဘတ်ကိုဖွင့်၍ ကျွန်ုပ်၏ အပြန်လမ်းတွင် ကြိုသူတစ်ဦး အဖြစ်ရှိနေပေတော့သည်။

သူမ

ဒီနေရာမှာ တစ်ခါပြန်ခြေချ နေမရအောင်လွမ်းလို့များတော့ မထင်လိုက်နဲ့ ခရေတွေ ကြွေကျနေလို့ လာကောက်တာပါ။ ဒီအိမ်မက် ကို တစ်ခါပြန်မက်တော့ အနေခက်ပေမယ့် သေမတတ်အောင်လွမ်းတာမျိုးတော့ မရှိတော့ဘူးပေါ့။ ဒီရနံ့တွေတစ်ခါပြန်စူး နင့်အနမ်းဖူးဖူးတွေကို တော့ အရူးအမူးဖြစ်ရမယ့် အရွယ်လဲမဟုတ်တော့ဘူးလေ.. ဖြစ်နိုင်မယ်ဆိုရင်.. ပန်းနုရောင်တွေအကုန်လုံးကို အစိမ်းရောင်ပြောင်းပြစ်လိုက်မယ်

သူ

ရင်မှာတမ်းတ မေ့မရလို့ တွေ့ဖို့ရည်စူး စိတ်တွေကူးလဲ မဆုံချင်သူကရှောင်ပုန်း အဆုံးမှာတော့ အရှူံးတွေနဲ့လူသားဟာငါပါ တွေဝေငေးမော ဒီအလွမ်းတောထဲ ရမ်းရော်မှန်းစ လွမ်းရပေမယ့် ဘယ်တော့မှ မှားတယ်လို့ ၀န်မခံဘူး ချစ်သူမရှိတဲ့ အနာဂတ်မှာ ငါမပါတဲ့ ပစ္စုပ္ပန် နဲ့ တို့နှစ်ယောက်ရှိခဲ့ဖူးတဲ့ အတိတ်ကိုတမ်းတနေမှာပါ။

Last Kiss

As i looked into Urs eyes I knew something was wrong And then U said goodbye We had been together too long U said you didn't feel for me The same way i did for U And after years of Ur love We are actually through I said U won't go U said U can't stay But would all end that day I told U how I would miss Each and every day And that was when we kissed And U turned and walked away . . .

အလွမ်းများ

သစ္စာတရားကိုရင်မှာပိုက် ကောင်းကင်မှာငါ့အချစ်တွေကိုသံမှိုနဲ့ရိုက်ထားတယ် ချစ်သူကပြောတယ် နှလုံးသားလှဖို့သာလိုတာပါတဲ့... ငါ့ရင်ကိုခွင်း...မင်းအချစ်မျှားတစ်စင်းကြောင့် အိပ်မက်တွေကို ....တံခါးပိတ်ထားလိုက်တယ်... ငါတို့တွေ့ခဲ့တုန်းက အရှေ့တောင်ကုန်းက ဧကရာဇ်ပင်အိုကြီးလဲပြုံးလို့ပေါ့... အခုတော့...အချိန်တန်ပေမယ့် စံပယ်တွေလဲမပွင့်တော့ဘူး... ချစ်သူရေ..... မင်းကိုလွမ်းသဖြင့်သာပန်းပွင့်ကြမယ်ဆို... ငါ့ဥယျဉ်မှာ....ပန်းတွေကြည့်ပေါ့တဲ့.. ငါ့နှလုံးသားမှာ မင်းဟာနတ်သမီးပါ... မင်းဟာငါငယ်ငယ်ကမက်ခဲ့ရတဲ့အိပ်မက်ပါ.. မင်းဟာငါလျှောက်ချင်သောခရေပင်လမ်းလေးပါ.. မင်းဟာငါ့ရဲ့လပြည့်လေးပါ မင်းဟာငါ့ရဲ့ ....... ဖြစ်နိုင်မယ်ဆိုရင်...အလွမ်းကိုဘယ်လိုစာလုံးပေါင်းလဲငါမသိချင်ဘူး...

ခရီးသည်

ဘယ်သူကမှလဲ မဖိတ်ခေါ်ခဲ့ပါဘူး... ဒါပေမယ့် ငါရောက်ရှိခဲ့ပြီ ပြီးတော့ ငါမပိုင်တဲ့ အနာဂတ်ဆီ အလင်းရောင် ရှိလိမ့်နိုးနဲ့ ငါတိုးခဲ့ရသည်။ တစ်လှမ်းပြီးတော့... နောက်တစ်လှမ်း.... ငါ့ခြေလှမ်းတွေ မောလို့ပန်းတော့ မနွမ်းပန်းရဲ့ အနမ်းကြောင့်သာ ငါလန်းခဲ့ရသည်။ မေတ္တာစစ်ရဲ့ အချစ်ကြောင့်လဲ ငါဟာ အသစ်အသစ် ပြောင်းခဲ့ရသည်။ တစ်နေ၀င်ပြီး တစ်ညရောက် တစ်မိုးသောက်လို့ အလင်းရောက်ခဲ့ပြီ အရှေ့အနောက် မသိပေမယ့် ငါလျှောက်ရမယ့် လမ်းကလဲ ရောက်ခဲ့ပြန်ပြီ နိဒါန်းမရှိတဲ့ နိဂုံး သြော်...ဒီလမ်းဆုံးအောင်တော့ ငါလျှောက်ရအုံးမည်....