သစ္စာတရား၏ စေရာဖြစ်သော အလွမ်း၏နေရာ
အတိတ်သည် အိမ်မက်ဆန်၏။ သို့မဟုတ် မရှိတော့သည်ကို ရှိသေးသယောင် အဖြစ် အိမ်မက် ပမာ လှည့်စားခြင်း ပင်ဖြစ်သည်။ ထို အတိတ်ကြောင့်ပင် သူသည် ၀မ်းနည်းရမည်လော ၀မ်းသာရည်လော မပြောတတ်ပေ။ သို့သော် ဆွတ်ပျံ့ကြည်နူးလွမ်းဆွတ် မိသည်ကိုမူ သူသိသည်။ တရံတခါတော့ ကြံကြံဖန်ဖန် တွေးမိသည်။ သေခြင်းတရား ဟူသည် မသိနိုင်သော အနာဂတ်ဆီသို့ သယ်ပို့ပေးခြင်းပင်ဖြစ်သည်။ ထို့အတူ သိခဲ့ပြီးသော အတိတ်ဆီသို့ သယ်ပို့ပေးနိုင်သော အရာရှိခဲ့ပါမူ ကောင်းမည်လောဟု...။ မှန်သည် ကောင်းများ ကောင်းမည်လောဟု သူပြောသည် ။ အဘယ်ကြောင့်မူ ကောင်းမည်ဟုလည်း အာမမခံနိုင် ဆိုးမည်ဟုလည်း မသိနိုင်သောကြောင့် ပင်။ အမှန်တော့ အတိတ်သို့လွမ်းဆွတ်ခြင်းဟူသည်မှာ ခံစားမှူပင် ဖြစ်သည်။စိတ်သို့ အစိုးမရခြင်းလည်းဖြစ်သည်။ တိမ်မရှင်းသော်လည်း သာသောလသည် ထိန်ထိန်လင်းစပြုလေပြီ...။သူသည် အနောက်လမ်းရိုးအတိုင်း လျှောက်လာနေ၏။ဆောင်းအကုန်နွေအကူးမို့ နွေဦးကလဲ မပီပြင်သေး။ချမ်းစိမ့်စိမ့်နိုင်ပင် နိုင်သေးတော့၏။ တလောကလုံး အိပ်မောကျနေချိန် တိတ်ဆိတ်လွန်းလှသောကြောင့် လရောင်သည်ပင် ဖြူလွှလွှ မှ ဖြူလျှော်လျှော် ရှိနေလေသည်။ ထိုတိတ်ဆိတ်သော ညကာလတွင် တခါတရံ ကြွေကျသော ရွက်ကြွေများ၏ အသံသာ ကြားရ၏။ တဖြေြးေ...