Posts

သင်္ကြန်ပွဲတော် နှင့် ...

ရှေးမြန်မာမင်းများ လက်ထပ်ကနေစတင် ကျင်းပခဲ့တဲ့ သင်္ကြန်ပွဲတော်ဟာ မြန်မာတို့ရဲ့ တစ်ဆယ့်နှစ်လရာသီ ပွဲတော်တွေထဲမှာ ပါဝင်ဆင်နွဲသူအများဆုံး ပွဲတော်ပါ။ ပုဂံမင်းလက်ထပ်မှာ တစ်လလုံး ကျင်းပသည်အထိ ပျော်စရာကေင်းတယ်လို့ ယူဆကြတဲ့ ပွဲတော်တစ်ခုပါ။ သို့သော်လည်း တစ်ဆယ့်နှစ်လရာသီ ပွဲတော်များထဲမှာ ကောင်းကျိုးပြန်ရနိုင်မှူ အနဲဆုံးနဲ့ ငွေကြေး အကုန်အကျ အများဆုံးပွဲတော်တစ်ခုလဲ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး စီးပွားရေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ ဖွံ့ဖြိုးဆဲအဆင့်ကနေမတက်နိုင်တဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ယခုလို ပွဲတော်မျိုးကို အမိန့်တစ်ရပ်ထုတ်ပြန်ပြီး အကျဉ်းချုံးကျင်းပသင့်ပါတယ်။ ရာဇ၀င်ထဲက သင်္ကြန်ဟာ ယဉ်ကျေးစွာနဲ့ပျော်ရွှင်ဖွယ်အတိ ဖြစ်ခဲ့ပေမယ့် ယနေ့သင်္ကြန်ဟာတော့ အရက်သောက်ပွဲတော်တစ်ခုလိုသာ ဖြစ်နေပါတယ်။ လူသားခြင်းစာနာမှူကို အလေးထားပါလို့ အော်ဟစ်နေသော ကျွန်တော်တို့ သင်္ကြန်ပွဲတော်ကျင်းပနေသူများဟာ ရေကြည်တစ်ပေါက် ရရန်ခက်နေသော ရေအတွက် လူ့အသက်တွေ ပေးနေရသော နိုင်ငံများမှ မျိုးနွယ်တူလူသား တွေအပေါ်မှာ မတရားရာရောက် နေတယ်လို့ ကျွန်တော်တော့မြင်ပါတယ်။သစ်တောပြုန်းတည်းမှူ ပင်လယ်ရေမျက်နှာပြင် မြင့်တက်...

အလွမ်းများ

သစ္စာတရားကိုရင်မှာပိုက် ကောင်းကင်မှာငါ့အချစ်တွေကိုသံမှိုနဲ့ရိုက်ထားတယ် ချစ်သူကပြောတယ် နှလုံးသားလှဖို့သာလိုတာပါတဲ့... ငါ့ရင်ကိုခွင်း...မင်းအချစ်မျှားတစ်စင်းကြောင့် အိပ်မက်တွေကို ....တံခါးပိတ်ထားလိုက်တယ်... ငါတို့တွေ့ခဲ့တုန်းက အရှေ့တောင်ကုန်းက ဧကရာဇ်ပင်အိုကြီးလဲပြုံးလို့ပေါ့... အခုတော့...အချိန်တန်ပေမယ့် စံပယ်တွေလဲမပွင့်တော့ဘူး... ချစ်သူရေ..... မင်းကိုလွမ်းသဖြင့်သာပန်းပွင့်ကြမယ်ဆို... ငါ့ဥယျဉ်မှာ....ပန်းတွေကြည့်ပေါ့တဲ့.. ငါ့နှလုံးသားမှာ မင်းဟာနတ်သမီးပါ... မင်းဟာငါငယ်ငယ်ကမက်ခဲ့ရတဲ့အိပ်မက်ပါ.. မင်းဟာငါလျှောက်ချင်သောခရေပင်လမ်းလေးပါ.. မင်းဟာငါ့ရဲ့လပြည့်လေးပါ မင်းဟာငါ့ရဲ့ ....... ဖြစ်နိုင်မယ်ဆိုရင်...အလွမ်းကိုဘယ်လိုစာလုံးပေါင်းလဲငါမသိချင်ဘူး...

အချစ်ဆိုသည်မှာ..

အချစ်ဆိုတာ..ရှင်းပြရခက်တယ်.ပုံပြင်တစ်ပုဒ်လိုနားထောင်ကောင်းအောင်လဲ ပြောပြလို့ရတယ်.. စစ်ပွဲတစ်ပွဲကို တိုက်ရသလိုမျိုးလဲ နည်းဗျူဟာ ကြွယ်ဝဖို့လိုတယ်.. ပန်းပင်လေးတစ်ပင်စိုက်ပျိုးရသလို...စိတ်ရှည်ဖို့လဲလိုသလို..ဒါပေမယ့် တစ်ခါတရံမှာတော့...ချစ်ဆိုတာသင်္ချာပုစ္စာတစ်ပုဒ်ကိုဖြေရှင်းရသလိုမျိုးနဲနဲခက်တယ်.. ဒါပေမယ့် ဘယ် သီအိုရီတွေသုံးသုံး နောက်ဆုံးမှာတော့... အချစ်ဆုံးဆိုတာတစ်ယောက်ထဲရှိတာပါ ကျွန်တော့်အတွက်တော့..အချစ်ဆိုတာ အိမ်မက်တစ်ခုကို မက်ရသလိုပဲလို့ထင်တယ်.. ဒီနေ့ညဘာမက် မယ်လို့ အကြောင်းမကြားထားပဲ မက်ချင်ရာလာလာမက်ကြတယ်လေ. ဒီနေ့မက်ခဲ့တဲ့အိမ်မက်ကို နောက်နေ့ထပ် မက်ဖို့ လဲပြန်ဆုတောင်းလို့မရနိုင်ဘူးပေါ့.. ဒါပေမယ့် အိမ်မက်လှလှမက်အောင်တော့ လုပ်လို့ရတယ်လေ. ပြီးတော့.. မိန်းမတစ်ယောက်ကိုချစ်ရတဲ့ခံစားမှူဟာ ဘာနဲ့တူသလဲဆိုတော့. ကျွန်တော့်အတွက်ကတော့. မီးခံသေတ္တာကို ဖွင့်နေရတဲ့ခံစားမှူနဲ့တူတယ်ဗျ. ကိုယ်နေ့တိုင်းဖွင့်နေကြပေမယ့်. ဖွင့်တဲ့အကြိမ်တိုင်းမှာ ရင်ခုန်တုန်းပဲ.. ကျွန်တော်လဲအဲ့ဒီလိုပဲ. ချစ်သူကိုချစ်နေရတဲ့စက္ကန့်တိုင်းမှာ. ရင်ခုန်သံမြန်နေမြဲပဲဗျာ..ဒါပေမယ့်. တစ်ယောက်နဲ့တစ်ေ...

ခရီးသည်

ဘယ်သူကမှလဲ မဖိတ်ခေါ်ခဲ့ပါဘူး... ဒါပေမယ့် ငါရောက်ရှိခဲ့ပြီ ပြီးတော့ ငါမပိုင်တဲ့ အနာဂတ်ဆီ အလင်းရောင် ရှိလိမ့်နိုးနဲ့ ငါတိုးခဲ့ရသည်။ တစ်လှမ်းပြီးတော့... နောက်တစ်လှမ်း.... ငါ့ခြေလှမ်းတွေ မောလို့ပန်းတော့ မနွမ်းပန်းရဲ့ အနမ်းကြောင့်သာ ငါလန်းခဲ့ရသည်။ မေတ္တာစစ်ရဲ့ အချစ်ကြောင့်လဲ ငါဟာ အသစ်အသစ် ပြောင်းခဲ့ရသည်။ တစ်နေ၀င်ပြီး တစ်ညရောက် တစ်မိုးသောက်လို့ အလင်းရောက်ခဲ့ပြီ အရှေ့အနောက် မသိပေမယ့် ငါလျှောက်ရမယ့် လမ်းကလဲ ရောက်ခဲ့ပြန်ပြီ နိဒါန်းမရှိတဲ့ နိဂုံး သြော်...ဒီလမ်းဆုံးအောင်တော့ ငါလျှောက်ရအုံးမည်....